ကားမောင်းနေရင်း ရုပ်တရက်အိပ်ပျော်သွားစေသော ကြိမ်စာသင့်ရွာ


         နေ့ခင်းဘက်မှာအိပ်ပျော်ရတာကိုမကြိုက်တဲ့သူရှိမယ်လို့မထင်ပါဘူး။အခုရေးမှာကတော့ ကာဇတ်စတန်နိုင်ငံမှာရှိတဲ့ရွာကလေးအကြောင်းပါ။ထူးဆန်းတာကတော့ ဒီရွာမှာနေထိုင်တဲ့သူတွေဟာ အကြောင်းမရှိပဲ ရုတ်တရက်အိပ်ပျော်သွားရတာပါပဲ။ဒီလိုဖြစ်နေတာ ၆နှစ်ကျော်ပါပြီး။

        ဟုတ်ပါတယ်။ သင်ဟာလမ်းလျှောက်နေရင်းနဲ့ ရုတ်တရက်အိပ်ပျော်သွားမှာပါ။ ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်ကိုခံစားနေရတဲ့ ရွာရဲ့နာမည်ကတော့ ကာလာချီ (Kalachi) လို့ခေါ်ပါတယ်။ နားထောင်ရတာပျက်လုံးတခုသဖွယ် ရယ်ဖို့ကောင်းနေပေမယ့် တကယ့်လက်တွေ့မှာတော့ အန္တရာယ်များလှပါတယ်။ ဘာလို့လဲဆိုတော့ တချို့ဆိုရင် ကားမောင်းနေရင်းလည်း ရုတ်တရက်ဆိုသလိုပဲ အိပ်ပျော်သွားတတ်ပါတယ်။ ဒီလိုအဖြစ်အပျက်ကိုကြုံရတဲ့ သူတွေပြောတာကတော့ သူတို့ဟာ အရမ်းထူးဆန်းသော စိတ်ခံစားချက်ကို ဖြစ်ပေါ်ပြီး မကြာခင်ပဲ မခင်ပဲမနေနိုင်အောင် ဖြစ်ပြီးသွားပါတယ်။ ထို့နောက် အိပ်ပျော်သွားပါတော့တယ်။


         အဲ့ဒီရွာမှာနေတဲ့လူတော်တော်များများဟာ ရုတ်တရက်အိပ်ပျော်ခြင်း ခံစားဖူးကြပါတယ်။ တချို့ဆိုရင် နှစ်ရက်သုံးရက်မှ ရက်သတ်တပတ်အထိ အိပ်ပျော်သွားဆဲပါ။ ဒီလိုအိပ်ပျော်ပြီးပြန်နိုးလာရင် သွေးပေါင်အတက်အကျဖြစ်တာတွေ နှလုံးသွေးကြောနာကျင်တာတွေကို ခံစားရပါတယ်။ 

              

          ပထမဆုံးဖြစ်စဉ်ကို ၂၀၁၃ ခုနှစ်မှာကြုံခဲ့ရတာဖြစ်ပါတယ်။ ယခုအချိန်ထိဆိုလျှင် ရွာနေသူပေါင်း ၁၃၀ ကျော် ၄င်းဖြစ်စဉ်ကို ခံစားကြုံခဲ့ပြီးပါပြီး။ ဒီလိုဖြစ်စဉ်အပေါ် သိပ္ပံပညာရှင်တွေကော ဆရာဝန်တွေကော အမျိုးမျိုးအဖြေရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မရှင်းပြနိုင်ခဲ့ပါဘူး။ တချို့သီအိုရီအရ ထိုရွာအနီးမှာ ယူရေနီယမ်(Uranium) မိုင်းတွင်းဟောင်းရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ 

Thu Rein (GK Kabar Team)

Post a Comment

0 Comments