“သိန္းေပါင္း (၆၃၀၀) ကုို လွဴဒါန္းခဲ့တဲ့ ေတးသံ႐ွင္ ၾကာညဳိသြယ္”


ေတးသံ႐ွင္ ၾကာညဳိသြယ္ကေတာ့ ဧရာဝတီတုိင္း မအူပင္ျမဳိ႕မွာ႐ွိတဲ့ မွန္ပင္ပရိယတၱိစာသင္တုိက္မွာ စုစုေပါင္းတန္ဖုိး သိန္း၆၃၀၀ ႐ွိတဲ့ ေလးထပ္ေဆာင္ကုိ ေဆာက္လုပ္ဖုိ႔အတြက္ ၁၀ ႏွစ္ၾကာေအာင္ လႉဒါန္းခဲ့ၿပီး လႉျဖစ္ပုံကုိလည္း ေပၚျပဴလာရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါတယ္။ အဆုိေတာ္ၾကာညဳိသြယ္ဟာ အျခားေသာ လုိအပ္တဲ့ေနရာေတြမွာလည္း အလွဴအတန္းေတြကုိ လုပ္ေနပါတယ္။

ၾကာညဳိသြယ္က ” ဒီေလးထပ္ေဆာင္ႀကီးကုိ ဆရာေတာ္က ၂၀၀၇ ခုႏွစ္ကေန စတင္ တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္ကေန စၿပီးေတာ့ အစ္မက ေဟာင္ေကာင္ကေနၿပီးေတာ့ ေငြေလးေတြကုိ လစဥ္ပုိ႔ေပးခဲ့တယ္။ အဲ့တာက ဆယ္ႏွစ္ၾကာေတာ့ ဒီအခ်ိန္မွာ ဒီေက်ာင္းႀကီးက ေလးထပ္ေဆာင္အျပင္ အေပၚမွာလည္း ဘုရား႐ွိတယ္။ ဆယ္ႏွစ္တာလုံး အစ္မ စုေဆာင္႐ွာေဖြလုိ႔ရတာေလးေတြကုိ ျပည္ပကေန လစဥ္လစဥ္ပုိ႔လာခဲ့တာေပါ့ေနာ္။


ဆယ္ႏွစ္ဆုိတာ နည္းတဲ့ ခရီးေတာ့ မဟုတ္ဘူးေပါ့ေနာ္ တကယ္လုိ႔ ကေလးတစ္ေယာက္ကုိ ျပဳစု ပ်ိဴးေထာင္မယ္ဆုိရင္ ဆယ္ႏွစ္အေတာအတြင္းမွာ ဒီကေလးက ေတာ္ေတာ္ေလးကုိ အရြယ္ေရာက္လာၿပီ ဒီေက်ာင္းႀကီးက ၂၀၀၇ ခုႏွစ္က စတင္ၿပီးေတာ့ မၾကာခင္မွာပဲ နာဂစ္က ျဖစ္သြားတဲ့ အခါက်ေတာ့ ဧရာဝတီတုိင္းျဖစ္တဲ့အတြက္ နာဂစ္အေတာအတြင္းမွာ ေက်ာင္းႀကီး ေဆာက္လုပ္တာ ၂ ႏွစ္ေလာက္ နားလုိက္ရတယ္။ ဒါေပမဲ့ အစ္မကေတာ့ လစဥ္လစဥ္ ပုိ႔ေပးစရာ႐ွိတဲ့ ေငြေလးကုိ ပုိ႔ေပးခဲ့တယ္ေပါ့ေနာ္ အခုအားလုံးေပါင္းလုိက္တာအခါမွာ ဒီေက်ာင္းႀကီး ၿပီးသြားေတာ့ ဘုန္းဘုန္းက အစ္မလွဴလုိက္တဲ့ ေငြေတြကုိ တြက္လုိက္ေတာ့ သိန္း၆ေထာင္ေက်ာ္ျဖစ္သြားတာ ေတြ႔ရတယ္ အစ္မ ၁၀ ႏွစ္အတြင္းမွာ သိန္း၆ေထာင္ကုိ ကုိယ္ကုိယ္တုိင္မသုံးဘဲ ဒီအေက်ာင္းအတြက္ကုိ လွဴခဲ့တာ ဒီလုိ သိန္း၆ေထာင္ ေက်ာ္သြားတဲ့ အခါမွာ ဝမ္းလည္း ဝမ္းသာတယ္ ပီတိလည္း ျဖစ္တယ္ အံ့လည္းအံ့ဩတယ္ေပါ့။

ဒီေလာက္ေတာင္မွ ဒီေက်ာင္းကုိ လွဴျဖစ္ခဲ့လားေပါ့။ အဲ့ဒီအေပၚမွာ သံဃာေတြ ဆြမ္းစားလုိ႔ရတယ္ စာေပသင္ၾကားလုိ႔ရတယ္ ဝါဆုိ နားခုိလုိ႔လည္း ရတယ္။ ဓမၼစကူးလ္ သင္တန္းေက်ာင္းေတြေရာ ဘာသာ သာသနာ အက်ဳိးေတြကုိ လုပ္တယ္ဆုိေတာ့ အစ္မက အပင္ႀကီးတစ္ပင္ကုိ စုိက္ေပးလုိက္တယ္ဆုိေတာ့ အဲ့အပင္ႀကီးရဲ႕ အရိပ္ရယ္ အသီးရယ္ အပြင့္ရယ္ ေအာက္မွာ နားေနသူေတြကုိ ေတြ႕ရသလုိပဲ အင္မတန္မွ ပီတိျဖစ္မိပါတယ္ ဒီပီတိကေတာ့ ဘာနဲ႔မွ မတူဘူးေပါ့ေနာ္။ ၿပီးေတာ့လည္း အစ္မ ေနရာေပါင္းစုံမွာ သိမ္ေတြေက်ာင္းေတြ ဘုရားေတြလွဴခဲ့တယ္ ပင္မတစ္ဦးတည္း အစကေနအဆုံး အၿပီးအစီး လွဴခဲ့တာဆုိရင္ေတာ့ ဒီမအူပင္မွာ႐ွိတဲ့ မွန္ပင္ပရိတၱိေက်ာင္းႀကီးကေတာ့ အထင္ကရ အစ္မဘဝအတြက္ မွတ္တုိင္တစ္ခုျဖစ္ပါတယ္။

အခုက ေက်ာင္းေတြ ဖြင့္ၿပီဆုိေတာ့ ဘ.က ေက်ာင္းေတြ ဘုန္းႀကီးေက်ာင္းေလးေတြက စာအုပ္စာေပေတြ လုိအပ္ေနၾကတယ္။ အဲ့ေနရာေတြကုိ ၿပီးခဲ့တဲ့ စေနေန႔က အာယုဓိကပ်ိဴးဥယ်ာန္မွာ ကုိရင္ေလးေတြ အပါး၂၀၀ ကေလးေတြက အေယာက္ ၃၀၀ စုစုေပါင္း ၅၀၀ အတြက္ စာအုပ္စာတန္းနဲ႔ စာေရးကိရိယာေတြကို သြားလွဴခဲ့တယ္။ အခုလည္း ဆက္လက္ၿပီးေတာ့ က်န္တဲ့ ဘကေက်ာင္းေပါ့ ပရဟိတ ေက်ာင္းေတြမွာ စာအုပ္စာေပေတြ သြားလွဴဖုိ႔႐ွိပါတယ္။ ၿပီးေတာ့လည္း နာမက်န္းျဖစ္ေနတဲ့ ဘုိးဘြားရိပ္သာ အစ႐ွိတဲ့ လူမႈကယ္ဆယ္ေရးေနရာေတြမွာလည္း အဝတ္အထည္ေလးေတြ အစားအေသာက္ေတြ သြားလွဴဖုိ႔ အစီအစဥ္ေလးေတြ ႐ွိပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit - ေျပာခ်င္လြန္းလို႔



Unicode Version    


တေးသံရှင် ကြာညိုသွယ်ကတော့ ဧရာဝတီတိုင်း မအူပင်မြို့မှာရှိတဲ့ မှန်ပင်ပရိယတ္တိစာသင်တိုက်မှာ စုစုပေါင်းတန်ဖိုး သိန်း၆၃၀၀ ရှိတဲ့ လေးထပ်ဆောင်ကို ဆောက်လုပ်ဖို့အတွက် ၁၀ နှစ်ကြာအောင် လှူဒါန်းခဲ့ပြီး လှူဖြစ်ပုံကိုလည်း ပေါ်ပြူလာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ အဆိုတော်ကြာညိုသွယ်ဟာ အခြားသော လိုအပ်တဲ့နေရာတွေမှာလည်း အလှူအတန်းတွေကို လုပ်နေပါတယ်။

ကြာညိုသွယ်က ” ဒီလေးထပ်ဆောင်ကြီးကို ဆရာတော်က ၂၀၀၇ ခုနှစ်ကနေ စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ စပြီးတော့ အစ်မက ဟောင်ကောင်ကနေပြီးတော့ ငွေလေးတွေကို လစဉ်ပို့ပေးခဲ့တယ်။ အဲ့တာက ဆယ်နှစ်ကြာတော့ ဒီအချိန်မှာ ဒီကျောင်းကြီးက လေးထပ်ဆောင်အပြင် အပေါ်မှာလည်း ဘုရားရှိတယ်။ ဆယ်နှစ်တာလုံး အစ်မ စုဆောင်ရှာဖွေလို့ရတာလေးတွေကို ပြည်ပကနေ လစဉ်လစဉ်ပို့လာခဲ့တာပေါ့နော်။

ဆယ်နှစ်ဆိုတာ နည်းတဲ့ ခရီးတော့ မဟုတ်ဘူးပေါ့နော် တကယ်လို့ ကလေးတစ်ယောက်ကို ပြုစု ပျိူးထောင်မယ်ဆိုရင် ဆယ်နှစ်အတောအတွင်းမှာ ဒီကလေးက တော်တော်လေးကို အရွယ်ရောက်လာပြီ ဒီကျောင်းကြီးက ၂၀၀၇ ခုနှစ်က စတင်ပြီးတော့ မကြာခင်မှာပဲ နာဂစ်က ဖြစ်သွားတဲ့ အခါကျတော့ ဧရာဝတီတိုင်းဖြစ်တဲ့အတွက် နာဂစ်အတောအတွင်းမှာ ကျောင်းကြီး ဆောက်လုပ်တာ ၂ နှစ်လောက် နားလိုက်ရတယ်။ ဒါပေမဲ့ အစ်မကတော့ လစဉ်လစဉ် ပို့ပေးစရာရှိတဲ့ ငွေလေးကို ပို့ပေးခဲ့တယ်ပေါ့နော် အခုအားလုံးပေါင်းလိုက်တာအခါမှာ ဒီကျောင်းကြီး ပြီးသွားတော့ ဘုန်းဘုန်းက အစ်မလှူလိုက်တဲ့ ငွေတွေကို တွက်လိုက်တော့ သိန်း၆ထောင်ကျော်ဖြစ်သွားတာ တွေ့ရတယ် အစ်မ ၁၀ နှစ်အတွင်းမှာ သိန်း၆ထောင်ကို ကိုယ်ကိုယ်တိုင်မသုံးဘဲ ဒီအကျောင်းအတွက်ကို လှူခဲ့တာ ဒီလို သိန်း၆ထောင် ကျော်သွားတဲ့ အခါမှာ ဝမ်းလည်း ဝမ်းသာတယ် ပီတိလည်း ဖြစ်တယ် အံ့လည်းအံ့ဩတယ်ပေါ့။


ဒီလောက်တောင်မှ ဒီကျောင်းကို လှူဖြစ်ခဲ့လားပေါ့။ အဲ့ဒီအပေါ်မှာ သံဃာတွေ ဆွမ်းစားလို့ရတယ် စာပေသင်ကြားလို့ရတယ် ဝါဆို နားခိုလို့လည်း ရတယ်။ ဓမ္မစကူးလ် သင်တန်းကျောင်းတွေရော ဘာသာ သာသနာ အကျိုးတွေကို လုပ်တယ်ဆိုတော့ အစ်မက အပင်ကြီးတစ်ပင်ကို စိုက်ပေးလိုက်တယ်ဆိုတော့ အဲ့အပင်ကြီးရဲ့ အရိပ်ရယ် အသီးရယ် အပွင့်ရယ် အောက်မှာ နားနေသူတွေကို တွေ့ရသလိုပဲ အင်မတန်မှ ပီတိဖြစ်မိပါတယ် ဒီပီတိကတော့ ဘာနဲ့မှ မတူဘူးပေါ့နော်။ ပြီးတော့လည်း အစ်မ နေရာပေါင်းစုံမှာ သိမ်တွေကျောင်းတွေ ဘုရားတွေလှူခဲ့တယ် ပင်မတစ်ဦးတည်း အစကနေအဆုံး အပြီးအစီး လှူခဲ့တာဆိုရင်တော့ ဒီမအူပင်မှာရှိတဲ့ မှန်ပင်ပရိတ္တိကျောင်းကြီးကတော့ အထင်ကရ အစ်မဘဝအတွက် မှတ်တိုင်တစ်ခုဖြစ်ပါတယ်။

အခုက ကျောင်းတွေ ဖွင့်ပြီဆိုတော့ ဘ.က ကျောင်းတွေ ဘုန်းကြီးကျောင်းလေးတွေက စာအုပ်စာပေတွေ လိုအပ်နေကြတယ်။ အဲ့နေရာတွေကို ပြီးခဲ့တဲ့ စနေနေ့က အာယုဓိကပျိူးဥယျာန်မှာ ကိုရင်လေးတွေ အပါး၂၀၀ ကလေးတွေက အယောက် ၃၀၀ စုစုပေါင်း ၅၀၀ အတွက် စာအုပ်စာတန်းနဲ့ စာရေးကိရိယာတွေကို သွားလှူခဲ့တယ်။ အခုလည်း ဆက်လက်ပြီးတော့ ကျန်တဲ့ ဘကကျောင်းပေါ့ ပရဟိတ ကျောင်းတွေမှာ စာအုပ်စာပေတွေ သွားလှူဖို့ရှိပါတယ်။ ပြီးတော့လည်း နာမကျန်းဖြစ်နေတဲ့ ဘိုးဘွားရိပ်သာ အစရှိတဲ့ လူမှုကယ်ဆယ်ရေးနေရာတွေမှာလည်း အဝတ်အထည်လေးတွေ အစားအသောက်တွေ သွားလှူဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit - ပြောချင်လွန်းလို့

Post a Comment

0 Comments