က်ဴရွင္ မယူဘဲ တႏိုင္ငံလုံး ဝိဇၨာတြဲ ပထမဆုရ မသဇင္ဝင္းကို ဂုဏ္ျပဳခဲ့ၾက


၂၀၁၉ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ ဝိဇၨာဘာသာတြဲနဲ႔ တႏိုင္ငံလုံးအမွတ္အမ်ားဆုံး ပထမဆုရခဲ့တဲ့ မသဇင္ဝင္းကို ရန္ကုန္က ပံ့ပိုးကူညီသူေတြက ဂုဏ္ျပဳဆုေငြ က်ပ္ ၂၃ သိန္း ၅ ေသာင္းနဲ႔ စာအုပ္ေတြကို လာေရာက္ေပးအပ္ခဲ့ၾကပါတယ္။

ဂုဏ္ျပဳပြဲကို မသင္ဇင္ဝင္း စာသင္ခဲ့တဲ့ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ေတာက္တဲ့႐ိုးေက်း႐ြာအထက္တန္းေက်ာင္းမွာ လာေရာက္ျပဳလုပ္ခဲ့တာျဖစ္ၿပီး အလႉရွင္ေတြ၊ ဆရာ ဆရာမေတြနဲ႔ မသင္ဇင္ဝင္းေတြရဲ႕ မိဘ၂ ပါးလည္း တက္ေရာက္ခဲ့ၾကပါတယ္။

ဧရာဝတီတိုင္း က်ဳံေပ်ာ္ၿမိဳ႕နယ္ ေတာက္တဲ့႐ိုးက ၂၀၁၉ တကၠသိုလ္ဝင္တန္း စာေမးပြဲ ဝိဇၨာဘာသာတြဲ မွာ အမွတ္အမ်ားဆုံးနဲ႔ ေအာင္ျမင္ခဲ့သူ မသဇင္ဝင္းက ျပင္ပ က်ဴရွင္ မယူခဲ့ဘဲ ေအာင္ျမင္ခဲ့သူ ျဖစ္တယ္လို႔ မိဘေတြက ဘီဘီစီကို ေျပာပါတယ္။

မသိတဲ့စာေတြကို ေက်ာင္းက ဆရာမေတြကိုေမးခဲ့တယ္၊ တစ္ေန႔ စာ တစ္ေန႔ ၿပီးေအာင္ ဖတ္လို႔ အခုလို ဂုဏ္ထူးနဲ႔ ထူးထူးခြၽန္ခြၽန္ ေအာင္ခဲ့တာလို႔ ဆိုပါတယ္။

မသဇင္ဝင္းက ကေလးေတြကို စာျပန္ သင္ေပးခ်င္လို႔ ဆရာမျဖစ္ခ်င္ ၿပီး ပညာေရး တကၠသိုလ္ ဆရာ အတတ္သင္ တက္ၿပီး ဘီအီးဒီ ဘြဲ႕ယူႏိုင္ဖို႔ ရည္မွန္းထားတယ္လို႔ မသဇင္ဝင္းက ေျပာပါတယ္။

Credit - burmese.asia



Unicode Version 


၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝိဇ္ဇာဘာသာတွဲနဲ့ တနိုင်ငံလုံးအမှတ်အများဆုံး ပထမဆုရခဲ့တဲ့ မသဇင်ဝင်းကို ရန်ကုန်က ပံ့ပိုးကူညီသူတွေက ဂုဏ်ပြုဆုငွေ ကျပ် ၂၃ သိန်း ၅ သောင်းနဲ့ စာအုပ်တွေကို လာရောက်ပေးအပ်ခဲ့ကြပါတယ်။

ဂုဏ်ပြုပွဲကို မသင်ဇင်ဝင်း စာသင်ခဲ့တဲ့ ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုးကျေးရွာအထက်တန်းကျောင်းမှာ လာရောက်ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူရှင်တွေ၊ ဆရာ ဆရာမတွေနဲ့ မသင်ဇင်ဝင်းတွေရဲ့ မိဘ၂ ပါးလည်း တက်ရောက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် တောက်တဲ့ရိုးက ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ မှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့သူ မသဇင်ဝင်းက ပြင်ပ ကျူရှင် မယူခဲ့ဘဲ အောင်မြင်ခဲ့သူ ဖြစ်တယ်လို့ မိဘတွေက ဘီဘီစီကို ပြောပါတယ်။

မသိတဲ့စာတွေကို ကျောင်းက ဆရာမတွေကိုမေးခဲ့တယ်၊ တစ်နေ့ စာ တစ်နေ့ ပြီးအောင် ဖတ်လို့ အခုလို ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန် အောင်ခဲ့တာလို့ ဆိုပါတယ်။

မသဇင်ဝင်းက ကလေးတွေကို စာပြန် သင်ပေးချင်လို့ ဆရာမဖြစ်ချင် ပြီး ပညာရေး တက္ကသိုလ် ဆရာ အတတ်သင် တက်ပြီး ဘီအီးဒီ ဘွဲ့ယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ မသဇင်ဝင်းက ပြောပါတယ်။

Credit - burmese.asia

Post a Comment

0 Comments