“အရမ္းကိုဆုေတာင္းျပည္႕လြန္းလို႔ မင္းညီမင္းသားေတြမဖူးရဟုအမိန္႕ထုတ္ထားရတဲ့ ႐ုပ္ပြားေတာ္ျမတ္ သမိုင္းေၾကာင္း”


စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေရႊၾကက္ယက္ ေရႊၾကက္က်ဘုရားေတြျဖစ္ၿပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးကေတာ့ ေရႊၾကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။အေနာ္ရထာမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္…၊ နရပတိစည္သူမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္… မည္သည့္မင္းညီမင္းသားမွ မဖူးရလို႔အမိန႔္ေတာ္ထုတ္ျပန္ၿပီး အစာင့္ေတြခ်ထားကာ ေသာ့ခတ္ထားခဲ့ရတယ္ ဆိုတဲ့ ႐ုပ္ပြားေတာ္ျမတ္ေရွ႕ကို တေန႔ကေရာက္ခဲ့တယ္။ဘုရားကိုဖူးေတြ႕လိုက္တာနဲ႔ .. အို … သပၸါယ္လိုက္တာ လို႔ ပါးစပ္က ေရာင္ရမ္းပီး ထြက္သြားမိတဲ့ အထိပါပဲ …။တကယ့္ကို ရင္ထဲမွာ ေအးခ်မ္းသြားေအာင္ သပၸါယ္လိုက္တာ … ။စပါယ္နဲ႔ ဇြန္းပန္းေတြကို ရင္ဘတ္ေတာ္မွာ ပူေဇာ္ထားတာကလည္းေမြးႀကိဳင္ေနတာပါပဲ ။ေရႊသကၤန္းကပ္ၿပီး ဆုေတာင္းခဲ့မိတာေလးဟာတစ္ကယ္ျပည့္ဝခဲ့တာမို႔ သူငယ္ခ်င္းေတြကို မၽွေဝေပးခ်င္မိခဲ့ပါတယ္..။ဆုေတာင္း ျပည့္ဝလြန္းတယ္ဆိုတဲ့ဇတ္ေၾကာင္းေလးကိုဖတ္မိရင္ ပိုၿပီးေလးနက္ေစမွာမို႔ ဇတ္လမ္းေလးကိုအတိုခ်ဳပ္လို႔ ေရးပါရေစ …။

ပုဂံေနျပည္ေတာ္မွာ မင္းယဥ္နရသိခၤ ဘုရင္ အုပ္စိုးခ်ိန္မွာ အိမ္ေရွ႕စံညီေတာ္ကေတာ့ နရပတိစည္သူ ျဖစ္ပါတယ္။ေနာင္ေတာ္ဘုရင္ဟာညီေတာ္အိမ္ေရွ႕မင္းရဲ့ မိဘုရားျဖစ္တဲ့ ေဝဠဳဝတီကို တပ္မက္စြဲလန္းမိတာေၾကာင့္ ညီေတာ္ကို လိမ္လည္ၿပီး ေရွ႕တန္းစစ္မ်က္ႏွာကို စစ္တိုက္ဖို႔ လႊတ္လိုက္ပါတယ္ …။ထုံးစံအတိုင္း ‘ ငေဆာင္ခ်မ္း ‘အရပ္ေပါ့ ။အဲဒီကာလတုန္းက ေနျပည္ေတာ္ရဲ့စစ္မ်က္ႏွာဟာ တ႐ုတ္ေတြနဲ႔ပဲ ရွိခဲ့တာမို႔ တ႐ုတ္ေတြရဲ့ ေရွ႕တန္းစစ္မ်က္ႏွာဟာ ဗန္းေမာ္ၿမိဳ႕အနီးမွာ ရွိတဲ့ ေရွ႕တန္းစခန္း ငေဆာင္ခ်မ္းျဖစ္ခဲ့ရပါတယ္

ညီေတာ္ နရပတိစည္သူ စစ္ထြက္သြားတဲ့ အခ်ိန္မွာ ဘုရင္ မင္းယဥ္နရသိခၤဟာ ညီေတာ္ရဲ့ မိဘုရားေဝဠဳဝတီကို သိမ္းပိုက္ခဲ့ပါတယ္ ။ေဝဠဳဝတီဆိုတာ .. ဝါးထဲကရတဲ့သံေသဒဇ မိန္းကေလးျဖစ္တာမို႔ လွပေခ်ာေမာလြန္းတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။

ေနျပည္ေတာ္မွာ အေၾကာင္းထူးရင္ လိုက္ခဲ့ဖို႔ မွာထားခဲ့တဲ့ အိမ္ေရွ႕စံရဲ့တပည့္ ျမင္းေတာ္ခံငျပည့္ဟာ ခ်က္ခ်င္းလိုက္လာခဲ့ေပမယ့္ ဗန္းေမာ္ၿမိဳ႕အနီးက ငါးပတ္ေခ်ာင္းကို ေရာက္တဲ့အခ်ိန္ ပင္ပန္းလြန္းလို႔စခန္းခ်ၿပီးအိပ္စက္ခဲ့မိပါတယ္ ။ငပတ္ေခ်ာင္းရဲ့ တဖက္ကမ္းမွာ သူ႔ရဲ့ သခင္စစ္တပ္ႀကီး စခန္းခ်ေနခဲ့တာကို မသိခဲ့ရွာဘူးေပါ့ … ။ ဒါဟာ ၾကမၼာငင္တယ္လို႔ ေျပာရမယ္ ထင္ပါရဲ့ … ။

ငျပည့္စီးတဲ့ ျမင္းဟာ အိမ္ေရွ႕စံနရပတိစည္သူရဲ့ ျမင္းျဖစ္တာမို႔ ေခ်ာင္းတစ္ဖက္ကမ္းက သူ႔သခင္ရဲ့ အနံ့ရတဲ့ ျမင္းေတာ္ကေတာ့တစ္ညလုံး ဟီေနေတာ့တာေပါ့ ..။အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႔ျမင္းဟီသံေၾကာင့္ အေၾကာင္းထူးၿပီဆိုတာ သိၿပီး တစ္ညလုံး အိပ္လို႔ မေပ်ာ္နိုင္ခဲ့ပါဘူး …။ ဘယ္အခ်ိန္ေရာက္လာနိုး ေမၽွာ္ကိုးခဲ့ေပမယ့္ျမင္းေတာ္ခံ ငျပည့္ကေတာ့ မနက္မိုးလင္းမွ ေရာက္လာခဲ့ၿပီး မိဖုရားကို ဘုရင္သိမ္းပိုက္သြားၿပီ ျဖစ္ေၾကာင္း ေလၽွာက္တင္ပါေတာ့တယ္ ။နရပတိစည္သူရဲ့ ေဒါသဟာငယ္ထိပ္အထိ တတ္သြားခဲ့ပါတယ္ ..။

ငါတို႔ မင္းဟူသည္ .. တစ္ညတာအခ်ိန္ဆိုတာ အႀကံအားလုံး ၿပီးေျမာက္နိုင္ေၾကာင္း .. ဒီေလာက္အေရးႀကီးတဲ့ ကိစၥကို ခ်က္ခ်င္းလာေရာက္ၿပီး မေလၽွာက္တင္ရေကာင္းလား ‘ လို႔ အမ်က္ေတာ္ရွၿပီး ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္လိုက္ပါတယ္ ။ ေနာက္ၿပီး ဧရာဝတီျမစ္ေၾကာင္းအတိုင္း စုံဆင္းခဲ့ပါတယ္ ။


ဧရာဝတီျမစ္ကမ္းနေဘးမွာတည္ရွိတဲ့ ဒီဘုရားေစတီကို ေရာက္လာတဲ့အခါ ခဏနားလို႔ ဘုရားေစာင္းတန္းအတိုင္းတတ္လာၿပီးဆုေတာင္းျပည့္ဘုရားဆင္းတုေတာ္ျမတ္ကို ဖူးေမၽွာ္ၾကည္ညိဳပါတယ္။ပါလာတဲ့ ပုဝါျဖဴကို ကပ္လႉပူေဇာ္ၿပီး သစၥာအဓိဌာန္ ျပဳပါေတာ့တယ္ ။

‘ တပည့္ေတာ္သည္ သစၥာမတည္ သည့္ ေနာင္ေတာ္ဘုရင္မင္းျမတ္ကို အၿပီးတိုင္ လုပ္ႀကံ၍ ေအာင္ျမင္ခဲ့ မည္ ဆိုပါလၽွင္ ဤပုဝါစကို ဘုရားရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူ ပါေစသတည္း.. ‘

အိမ္ေရွ႕စံရဲ့ ပုဝါျဖဴစဟာ ေလမွာဝဲပ်ံၿပီး ဘုရားရွင္ထံ လြင့္ ေမ်ာသြားခဲ့ၿပီး ထူူးျခားစြာ ဘုရား ရွင္ရဲ့ လက္ေတာ္ေပၚကို ေရာက္ရွိ ခံယူေတာ္မူခဲ့ပါတယ္ ။နရပတိစည္သူဟာ သစၥာဓိဌာန္ျပဳခဲ့ရာမွာ ေအာင္ျမင္ခဲ့တာေၾကာင့္ ဝမ္းသာအားရစြာနဲ႔ ခ်ီတတ္လာခဲ့ပါတယ္။

သူ႔ရဲ့ ငယ္ကၽြန္တစ္ဦးျဖစ္တဲ့ေအာင္စြာငယ္ကို တိတ္တဆိတ္လႊတ္လို႔ လုပ္ႀကံေစရာမွာ ေအာင္ျမင္ခဲ့ၿပီး ဘုရင္မင္းယဥ္နရသိခၤ က်ဆုံးလို႔ နရပတိစည္သူ မင္းျဖစ္လာခဲ့ပါတယ္ ။သစၥာအဓိဌာန္ေအာင္ျမင္ၿပီး ဆုေတာင္းျပည့္လြန္းတဲ့ ဆုေတာင္းျပည့္ျမတ္စြာဘုရားဆင္းတုေတာ္ေၾကာင့္ ဘုရင္နရပတိစည္သူဟာတက္ မေအးနိုင္ခဲ့ပါဘူးတဲ့ … ။

ဘာေၾကာင့္လည္းဆိုရင္ နန္းတြင္းက မင္းညီမင္းသားေတြဟာလည္းသူလိုဆုေတာင္းၿပီး နန္းလုမွာကိုပူပန္ေသာက ျဖစ္ခဲ့ရတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။ ဒါေၾကာင့္ အမတ္ႀကီးေတြနဲ႔ တိုင္ပင္တဲ့အခါမွာ အရင္ဘိုးေဘးေတြျဖစ္တဲ့ အေနာ္ရထာမင္းႀကီးလက္ထက္မွာလည္း အခုလိုဆုေတာင္းျပည့္လြန္းတာေၾကာင့္မင္းညီမင္းသားေတြ ဖူးေမၽွာ္ခြင့္ပိတ္ၿပီး အေစာင့္ခ်ထားဖူးပါေၾကာင္း …ပုဂံမင္းလက္ထက္မွာလည္း ျပဳျပင္မြမ္းမံခဲ့ၿပီး ျမန္မာမင္းအဆက္ဆက္တို႔လက္ထက္မွာလည္း မင္းညီမင္းသားအားလုံး ဆုမေတာင္းရ၊မဖူးေမၽွာ္ရလို႔ တင္းၾကပ္စြာ တားျမစ္ထားခဲ့ရတဲ့အထိ ဆုေတာင္းျပည့္လြန္းလွတဲ့ ဆုေတာင္းျပည့္ဘုရားအစစ္တစ္ဆူ ျဖစ္ေၾကာင္း ေလၽွာက္တင္ၾကပါတယ္။

ဒါေၾကာင့္ နရပတိစည္သူလက္ထက္မွာလည္း ဒီဆုေတာင္းျပည့္႐ုပ္ပြားေတာ္ျမတ္ႀကီးကို မင္းညီမင္းသားမ်ား မဖူးေမၽွာ္ရဆိုတဲ့ အမိန႔္တစ္ရပ္ ခ်မွတ္လို႔ ေစာင့္ေရွာက္ခဲ့ရတယ္လို႔ မွတ္သားခဲ့ရပါတယ္ ။ေရႊတိဂုံဘုရား အထက္ပစၥယံမွာရွိတဲ့ ပတၱျမားမ်က္ရွင္ ႐ုပ္ပြားေတာ္လို တန္ခိုးႀကီးဆင္းတုေတာ္ေတြျဖစ္မယ္ထင္ပါတယ္ …။

ကၽြန္ေတာ္ငယ္ငယ္က အေမနဲ႔မႏၲေလးကို ေဈးဝယ္လိုက္တိုင္း …ရန္ကုန္မွာ ေက်ာင္းတတ္ရင္း ..ေက်ာင္းပိတ္လို႔ အိမ္ျပန္ခ်ိန္ …ဧရာျမစ္ျပင္ကို ကားနဲ႔ ျဖတ္တိုင္း..စစ္ကိုင္းတံတားႀကီးေပၚကလွမ္းျမင္ရတဲ့ဒီဘုရားေစတီကို အေဝးကေနၿပီးဖူးေမၽွာ္ၾကည္ညိဳခဲ့ မိပါတယ္ .. ။

ဒါေပမယ့္ … ဒီဘုရားေစတီအတြင္းမွာ ဒီလိုတန္ခိုးႀကီးတဲ့ ႐ုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္စံပါယ္ေတာ္မူေနမွန္း မသိခဲ့ရိုးအမွန္ပါ ..။တေန႔ကမွ အေၾကာင္းတိုက္ဆိုင္လို႔ဖူးခဲ့ရတာ ျဖစ္ပါတယ္ ။ငယ္ငယ္တုန္းက ဒီဘုရားကိုစိတ္ဝင္စားခဲ့တာက … အေၾကာင္းအရာတစ္ခုနဲ႔ပါ ။ အဲတာကေတာ့ဘုရင္နရပတိစည္သူရယ္၊မြန္သူရဲေကာင္း ရမန္ငေထြးရယ္ ၊နရပတိစည္သူနဲ႔ အတိတ္က ရန္ေႂကြးရွိခဲ့တဲ့မိေခ်ာင္းႀကီးရယ္ … သုံးပြင့္ဆိုင္ဇတ္လမ္းေလးကို သတိယမိလို႔ ျဖစ္ပါတယ္ …။

ဒါဆိုရင္ … သမိုင္းစိတ္ဝင္စားသူေတြအေနနဲ႔ မင္းဝံေတာင္တစ္ဖက္ကမ္းမွာရွိတဲ့ ဧရာျမစ္ေဘးက ဘယ္ဘုရားေစတီလည္းဆိုတာ သိၾကမယ္ ထင္ပါတယ္

စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေရႊၾကက္ယက္ ေရႊၾကက္က်ဘုရားေတြျဖစ္ၿပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးကေတာ့ ေရႊၾကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။

မႏၲေလးတိုင္း အမရပူရၿမိဳ႕မွ ဆုေတာင္းျပည့္လြန္းလို႔ အေစာင့္ အေရွာက္နဲ႔ ထားရတဲ့ဲ ဆုေတာင္း ျပည့္ကိုယ္ေတာ္ျမတ္ႀကီး ရွိတဲ့ ေရႊၾကက္ယက္၊ေရႊၾကက္က်ဘုရား မ်ား နဲ႔ လြမ္းေမာဘြယ္ … ျမင္းေတာ္ခံငျပည့္ ၊ ေအာင္စြာငယ္ တို႔ရဲ့ လြမ္းေစတီေတြ (ဒုတိယပိုင္း)

အခ်ိန္ကာလဆိုတာ .. ေနာင္တ တရားမ်ားစြာကို ေမြးဖြားေပးတတ္ သလို သံေဝဂတရားေတြကိုလည္း ေပးစြမ္းနိုင္တယ္လို႔ ဆိုစကား ရွိခဲ့ပါတယ္ … ။ေနာင္တဆိုတာမ်ိဳးက လည္း လြန္မွပဲ ရၾကတာမ်ိဳးေလ …။

နရပတိစည္သူဟာ ဘယ္လိုမွ ျပဳ ျပင္လို႔ မရနိုင္တဲ့ အမွားေတြကို မင္း ပ်ိဳမင္းလြင္ဘဝ၊အိမ္ေရွ႕စံဘဝမွာပဲက်ဴးလြန္ခဲ့မိပါတယ္ ။သစၥာရွိတဲ့ ကၽြန္ယုံေတာ္ ငျပည့္ကို ေဒါသမထိမ္းနိုင္ပဲ မိန္းမတစ္ေယာက္အတြက္နဲ႔ အမ်က္မာန္ေစာင္ႀကီးစြာ ကြပ္မ်က္ခဲ့တယ္။ဒါတင္မကပဲ မိမိအထြတ္အထိပ္ေရာက္ဖို႔အတြက္ အကိုေတာ္ မင္းယဥ္နရသိခၤကို လုပ္ႀကံေပးခဲ့တဲ့ေအာင္စြာငယ္ကိုလည္း နန္းရင္ျပင္ညီလာခံမွာ မေထမဲ့ျမင္ျပဳသည္ဆိုၿပီး ကြပ္မ်က္ခဲ့ျပန္ပါတယ္ … ။


ငယ္ကၽြန္ ေအာင္စြာငယ္ကို ကြပ္မ်က္ခဲ့တာကလည္း မိန္းမတစ္ ေယာက္အတြက္ပါပဲ ။ ျဖစ္စဥ္ေလးကို ျပန္စဥ္းစားၾကည့္မယ္ဆိုရင္ …အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႔ရဲ့ မိဖုရားေဝဠဳဝတီကို အကိုေတာ္

ဘုရင္ မင္းယဥ္နရသိခၤက သိမ္းပိုက္လိုက္တဲ့အတြက္ နာက်ည္းစြာနဲ႔ ကၽြန္ယုံ လက္႐ုံးတပည့္ ေအာင္စြာငယ္ကို လုပ္ႀကံခိုင္းတယ္။ အေရးေတာ္ပုံ ေအာင္ခဲ့ရင္ ဘုရင့္မိဖုရားသုံးပါး( မရီး ၃ ေယာက္) ထဲက မင္း ႏွစ္သက္တဲ့တစ္ပါးနဲ႔ ငါကိုယ္တိုင္လက္ဆက္ေပးၿပီး သူေကာင္းျပဳမယ္လို႔လည္း ကတိေပးခဲ့တယ္ ။

တကယ္အေရးေတာ္ပုံ ေအာင္ျမင္တဲ့အခါမွာေတာ့ နရပတိစည္သူ ဟာမရီးေတာ္ေတြရဲ့ ေခ်သလုံးဖက္ငိုယိုေတာင္းပန္မႈေၾကာင့္ သနားငဲ့ ညႇာၿပီး ေအာင္စြာငယ္ကိုေပးထား တဲ့ကတိဖ်က္လိုက္ပါေတာ့တယ္… ။ဟဲ့ ေအာင္စြာငယ္ … ငါမင္းကို ခိုင္းေစခဲ့စဥ္က ကတိေပးခဲ့ေပမယ့္အခုေတာ့ ငါ့မွာ အခက္ေတြ႕ေနရတယ္၊ နင့္ကို ငါ့ရဲ့ မရီးေတာ္တစ္ပါး ပါးနဲ႔ လက္ဆက္ေပးခ်င္ေပမယ့္္ အဲဒီလို လုပ္လိုက္ရင္ ငါ့ရဲ့ ဘိုးေဘ ေတြကို ပစ္မွားသလို ျဖစ္မွာစိုးတဲ့အ တြက္ နင့္ကို တစ္ျခားအမ်ိဳးေကာင္း သမီးတစ္ဦးနဲ႔ လက္ဆက္ေပးၿပီး သူေကာင္းျပဳေပးပါ့မယ္ ‘ လို ဘုရင္ ကိုယ္တိုင္ ေခ်ာ့ေမာ့ေျပာဆိုခဲ့ေပမယ့္ … ေအာင္စြာငယ္ကေတာ့ မေၾကနပ္ခဲ့ပါဘူး ။ ‘ကတိမတည္တဲ့ ဘုရင္ပဲ . ထြီ ‘ ဆိုၿပီးတံေတြးေထြးလို႔ ထြက္သြားခဲ့တာေၾကာင့္ နရပတိစည္သူဟာ ေဒါသျဖစ္ၿပီး ညီလာခံ မွာ မေထမဲ့ျမင္ျပဳတဲ့အတြက္ မင္းမ်က္သင့္လို႔ ကြပ္မ်က္ခဲ့ပါတယ္ ဘယ္လိုပဲျဖစ္ျဖစ္ ငျပည့္နဲ႔ ေအာင္စြာငယ္ကို ကြပ္မ်က္ျခင္းဟာ ေက်းဇူးမဲ့လြန္းရာ ေရာက္ခဲ့တာမို႔ နရပတိစည္သူဟာ စိတ္ဆင္းရဲျခင္းႀကီးစြာ ျဖစ္ခဲ့ရပါတယ္ ။ တပည့္ေတြ အတြက္ ကုသိုလ္ ေကာင္းမႈ ျပဳေပးဖို႔ သူဘုရင္ျဖစ္ခ်ိန္မွာ စဥ္းစားေဆာင္ရြက္ေပးခဲ့ပါ တယ္…။ အေရးေတာ္ပုံကာလက သူအဓိဌာန္ ျပဳခဲ့တဲ့ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားဆီကို ေရတ
ပ္ အင္အား အျပည့္အဝနဲ႔ ျပန္လာခဲ့ ပါတယ္။သကၠရာဇ္ ၅၄၇ခုႏွစ္ ျဖစ္ပါတယ္။ ဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ထံ သူဆုေတာင္းခဲ့တာက သကၠရာဇ္ ၅၃၆ ခုႏွစ္ျဖစ္တာေၾကာင့္ဘုရင္ျဖစ္ၿပီး ၁၁ ႏွစ္ၾကာမွျပန္လည္ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္ ။ထီးေတာ္တင္ဖို႔နဲ႔ တပည့္ေတြအတြက္ ဘုရားတည္ေပးဖို႔ ျပန္လာခဲ့တာပါ ။ ေရႊၾကက္ယက္၊ေရႊၾကက္က် ဘုရားေတြဟာ သီရိဓမၼာေသာက မင္းႀကီး တည္ထားခဲ့တဲ့ ဗ်ာဒိတ္ရဘုရားေတြ ျဖစ္ပါတယ္။


ျမတ္စြာဘုရားရွင္ ၾကက္မင္းဘဝက မိဖုရား ယေသာ္ဓယာအေလာင္း နဲ႔အတူေနထိုင္က်က္စားခဲ့တဲ့ ေတာင္ေတာ္ ႏွစ္ဆူေပၚမွာ တည္ထားခဲ့တာပါ ။မႏၶာဂီရိေတာင္ေတာ္ေပၚမွာ ေရႊၾကက္ယက္ဘုရားတည္ခဲ့ၿပီး ၊နဂၤါးရစ္ေတာင္ေတာ္ေပၚမွာ

ေရႊၾကက္က်ဘုရားတည္ခဲ့တာ ျဖစ္ပါတယ္။ဘုရားရွင္ရဲ့ သရီယဓါတ္ေတာ္ေတြကို ဌာပနာၿပီး တည္ခဲ့တာမို႔ ခုခ်ိန္ထိ တန္ခိုးႀကီးလွတဲ့ ဘုရားညီေနာင္အျဖစ္တည္ရွိေနခဲ့ပါတယ္ … ။အမရပူရ မွာ တည္ရွိၿပီး ဧရာျမစ္ကမ္းေဘးမွာ တည္ရွိပါတယ္။)

ဆုေတာင္းျပည့္လြန္းတဲ့ ဆင္းတု ေတာ္ျမတ္ဟာ ေရႊၾကက္ယက္ ဘုရားအတြင္းမွာ တည္ရွိပါတယ္ ။အိမ္ေရွ႕မင္းဘဝက အဓိဌာန္ျပဳ ဆု ေတာင္းခဲ့တယ္ဆိုတာကလည္း အရိ မဒၵနာပူရ ပုဂံေနျပည္ေတာ္မွာ မင္းဧကရာဇ္ျဖစ္မည္ဆိုပါက ဤပုဝါစကို ဘုရားရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူပါေစသတည္းလို႔ ဆုေတာင္းခဲ့တာ ျဖစ္ပါတယ္။အကိုမင္းယဥ္နရသိခၤကို သတ္ဖို႔ဆုေတာင္းတာမဟုတ္ပါဘူး ။ပထမအပိုင္းမွာ စာေရးတာ လိုအပ္ခ်က္ရွိသြားတဲ့အတြက္ လူသတ္ဖို႔ ဘုရားက ခြင့္ျပဳသလို ျဖစ္သြားခဲ့ပါတယ္။ )တပည့္ေတြအေပၚ တင္ရွိခဲ့တဲ့ေနာင္တ တရားေတြနဲ႔အတူ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူကို ျပဳျပင္ၿပီး ထီးေတာ္အသစ္တင္လႉဖို႔ လာခဲ့တဲ့ နရပတိစည္သူရဲ့ ေဖာင္ေတာ္ဟာ ေရႊၾကက္က်ဘုရားေရာက္ခါနီးမွာပဲ အတိတ္ဘဝက ရန္ၿငိဳးရွိခဲ့တဲ့မိေခ်ာင္းႀကီး ရဲ့ တိုက္ခိုက္မႈခံရပါေတာ့တယ္ ။နတ္မိေခ်ာင္းႀကီးဟာ နရပတိစည္သူရဲ့ ေဖာင္ေတာ္ကို ေအာက္ကေနထမ္းထားတဲ့အတြက္ ေဖာင္ေတာ္ရပ္သြားၿပီး တစ္ဖက္ေစာင္းသြားခဲ့ပါတယ္ ။ ေဖာင္ေတာ္တိမ္းေမွာက္ေတာ့မယ့္ အေျခအေနမွာ ေဖာင္ေတာ္ေပၚမွာ ပါလာတဲ့ မြန္သူရဲေကာင္း ရမန္ငေထြးဟာ ဘုရင့္သံလ်က္ေတာ္ကို ေတာင္းလို႔ ေရေအာက္မွာ မိေခ်ာင္းႀကီးနဲ႔ သတ္ပုတ္လို႔ အနိုင္ယူခဲ့ပါတယ္။ မင္းႀကီးလည္း မြန္သူရဲေကာင္း ရမန္ငေထြးကို အားရေၾကနပ္ေတာ္မူလို႔ ဆုေတာ္မ်ားစြာေပးတဲ့ အျပင္ အနႏၲသူရိယဘြဲ႕ ခ်ီးျမႇင့္ခဲ့တယ္လို႔ မွတ္သားခဲ့ရဖူးပါတယ္။ငယ္ငယ္တုန္းက စစ္ကိုင္းတံတားႀကီးေပၚက ျဖတ္ၿပီး ေရႊၾကက္က်ဘုရားကို အေဝးကဖူးေမၽွာ္ၾကည္ညိဳမိတိုင္း ရမန္ငေထြးကို အားက်စိတ္နဲ႔ သတိယမိပါတယ္ ။

နရပတိစည္သူဟာ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူကိုျပဳျပင္ၿပီး ထီးေတာ္အသစ္တင္လႉခဲ့ပါတယ္ ။ေရႊၾကက္ယက္ဘုရားရဲ့ေအာက္အဆင့္ရင္ျပင္ေတာ္ေပၚမွာတဝဂူ ၾကာခံဘုရားတစ္ဆူ တည္ထားခဲ့သလို ျမင္းေတာ္ခံငျပည့္အတြက္ ဘုရားတစ္ဆူ ၊ ေအာင္စြာငယ္အတြက္ဘုရားတစ္ဆူ တည္ၿပီးကုသိုလ္ျပဳလို႔ အမၽွေပးေဝခဲ့ပါတယ္ …။( ဘုရားပုံတစ္ခုခ်င္းစီမွာ စာေရးေပးထားပါတယ္)ေရႊၾကက္ယက္ဘုရားေျခရင္းမွာ ျမင္းေတာ္ခံငျပည့္အတြက္ နတ္နန္းတစ္ခုကိုလည္း တည္ေဆာက္ေပးခဲ့ပါတယ္ လက္ရွိမွာလည္း နတ္နန္းဟာ မူလအတိုင္းတည္ရွိေနပါေသးတယ္။

ဘုရားေတြ ထီးတင္ပြဲမွာ နရပတိစည္သူဟာ သူ႔ငယ္ကၽြန္အရင္းေတြကို သတိယ တမ္းတလြန္းလို႔ မအိပ္မစား ျဖစ္ခဲ့တယ္ဆိုတာရယ္ …ဒီအခ်ိန္မွာ သူ႔ငယ္ကၽြန္ေတြရွိရင္အရမ္းဂုဏ္ယူ ဝမ္းေျမာက္ၾကေပလိမ့္မယ္လို႔ တဖြဖြ ေျပာဆိုခဲ့တယ္လို႔ ဖတ္မွတ္ခဲ့ရပါတယ္။ တခါတရံမွာ သတိထားရမွာက ဆရာ တပည့္ သိပ္ရင္းႏွီးတဲ့အခါ တပည့္ဆိုတာဆရာအရင္းကို စိတ္ေကာက္တာႏြဲ႕ဆိုး ဆိုးတာေတြ ျဖစ္တတ္ပါတယ္ ဒါကို နားလည္မႈ မေပးရင္ ဆရာကို မခန႔္ေလးစားလုပ္တယ္လို႔ နားလည္မႈေတြ လြဲမွားတတ္ၾကပါတယ္ ဘဝနဲ႔ရင္းရတဲ့ ဆင္ျခင္စရာေတြကိုသမိုင္းေတြက လက္ဆင့္္ကမ္း ေပးထားခဲ့ပါၿပီ … ။ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္ခဲ့စဥ္တုန္းအခါကလည္း … စိတ္မေကာင္းစရာ အျဖစ္အပ်က္ကေလးတစ္ခု ျဖစ္ခဲ့ပါတယ္… ။

နရပတိစည္သူရဲ့ ေဖာင္ေတာ္ဟာဧရာဝတီျမစ္ေၾကာင္းအတိုင္းစုန္ဆင္းလာရင္း စစ္ကိုင္းရြာသစ္ႀကီးနဲ႔ငါန္းဇြန္အနား ေရာက္တဲ့အခါ ေဖာင္ေတာ္ ရပ္သြားခဲ့ပါတယ္ ။ ျမင္းေတာ္ခံငျပည့္ရဲ့အေလာင္းဟာေဖာင္ေတာ္နဲ႔ ကပ္ပါလာတာကိုထူးဆန္းစြာ ေတြရွိလိုက္ရတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္ … ။နရပတိစည္သူဟာ စိတ္မေကာင္း ႀကီးစြာ ျဖစ္ခဲ့ရၿပီး ‘ မင္းတာဝန္ေၾကပါတယ္ ၊ေနရစ္ပါေတာ့ ငျပည့္ရယ္’လို႔ ေျပာဆိုလို႔အနီးက သဲေသာင္ျပင္မွာ ေဖာင္ေတာ္ကပ္လို႔ ေကာင္းစြာမီးသၿဂိဳလ္ေပးခဲ့ပါတယ္ ။သူ႔တပည့္ကို ခ်ီးေျမႇာက္တဲ့ အေနနဲ႔သဲေသာင္ျပင္ကို အပိုင္စား ေပးခဲ့ပါတယ္။ ေရႊျပည့္ရွင္ ကၽြန္းပိုင္နတ္ျဖစ္သြားခဲ့တယ္လို႔ ဖတ္ခဲ့ရၿပီးေဒသခံမ်ား ကိုးကြယ္လ်က္ရွိေၾကာင္း သိရွိရပါတယ္ ။သမိုင္းဆိုတာ ေသဆုံးေပ်ာက္ကြယ္သြားတဲ့ လူေတြ… ၿမိဳ႕ရြာေတြအေၾကာင္း သင္ၾကားေလ့လာရတဲ့ဘာသာရပ္ျဖစ္သလို လူေတြ ေဒသေတြ တိမ္ေကာပေပ်ာက္သြားၾကေပမယ့္ မပေပ်ာက္တဲ့ အက်ိဳးဆက္ေတြေၾကာင့္ ယခုလူ႔ေဘာင္ေလာကႀကီးဆက္လက္ ရွင္သန္ေနခဲ့ရတာျဖစ္ပါတယ္လို႔ သမိုင္းဆရာမႀကီးရဲ့စကားေလးကို သေဘာက်မိပါတယ္ ။အတိတ္မရွိခဲ့ရင္ ပစၥဳပၸန္ဆိုတာမရွိနိုင္သလို ပစၥဳပၸန္မရွိရင္ အနာဂတ္လည္း ရွိမွာမဟုတ္ပါဘူး။အတိတ္ကို သခၤန္းစာယူနိုင္ၿပီး အနာဂတ္ လွပေအာင္ဖန္တည္းေဖာ္ေဆာင္နိုင္ၾကပါေစလို႔ ဆ
ႏၵျပဳလိုက္ပါရေစ ။ စာဖတ္သူမ်ား အားလုံးေဒါသ မာန္မာနေၾကာင့္ ရတဲ့ ေနာင္တ တရားေတြ ကင္းေဝးၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ ။ ။

14.3.2019 King

(Publish by Anawyahtar King)



Unicode Version     


စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။အနော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ်… မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ် ဆိုတဲ့ ရုပ်ပွားတော်မြတ်ရှေ့ကို တနေ့ကရောက်ခဲ့တယ်။ဘုရားကိုဖူးတွေ့လိုက်တာနဲ့ .. အို … သပ္ပါယ်လိုက်တာ လို့ ပါးစပ်က ရောင်ရမ်းပီး ထွက်သွားမိတဲ့ အထိပါပဲ …။တကယ့်ကို ရင်ထဲမှာ အေးချမ်းသွားအောင် သပ္ပါယ်လိုက်တာ … ။စပါယ်နဲ့ ဇွန်းပန်းတွေကို ရင်ဘတ်တော်မှာ ပူဇော်ထားတာကလည်းမွေးကြိုင်နေတာပါပဲ ။ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာတစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်..။ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ …။

ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။နောင်တော်ဘုရင်ဟာညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ ဝေဠုဝတီကို တပ်မက်စွဲလန်းမိတာကြောင့် ညီတော်ကို လိမ်လည်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်တိုက်ဖို့ လွှတ်လိုက်ပါတယ် …။ထုံးစံအတိုင်း ‘ ငဆောင်ချမ်း ‘အရပ်ပေါ့ ။အဲဒီကာလတုန်းက နေပြည်တော်ရဲ့စစ်မျက်နှာဟာ တရုတ်တွေနဲ့ပဲ ရှိခဲ့တာမို့ တရုတ်တွေရဲ့ ရှေ့တန်းစစ်မျက်နှာဟာ ဗန်းမော်မြို့အနီးမှာ ရှိတဲ့ ရှေ့တန်းစခန်း ငဆောင်ချမ်းဖြစ်ခဲ့ရပါတယ်

ညီတော် နရပတိစည်သူ စစ်ထွက်သွားတဲ့ အချိန်မှာ ဘုရင် မင်းယဉ်နရသိင်္ခဟာ ညီတော်ရဲ့ မိဘုရားဝေဠုဝတီကို သိမ်းပိုက်ခဲ့ပါတယ် ။ဝေဠုဝတီဆိုတာ .. ဝါးထဲကရတဲ့သံသေဒဇ မိန်းကလေးဖြစ်တာမို့ လှပချောမောလွန်းတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။

နေပြည်တော်မှာ အကြောင်းထူးရင် လိုက်ခဲ့ဖို့ မှာထားခဲ့တဲ့ အိမ်ရှေ့စံရဲ့တပည့် မြင်းတော်ခံငပြည့်ဟာ ချက်ချင်းလိုက်လာခဲ့ပေမယ့် ဗန်းမော်မြို့အနီးက ငါးပတ်ချောင်းကို ရောက်တဲ့အချိန် ပင်ပန်းလွန်းလို့စခန်းချပြီးအိပ်စက်ခဲ့မိပါတယ် ။ငပတ်ချောင်းရဲ့ တဖက်ကမ်းမှာ သူ့ရဲ့ သခင်စစ်တပ်ကြီး စခန်းချနေခဲ့တာကို မသိခဲ့ရှာဘူးပေါ့ … ။ ဒါဟာ ကြမ္မာငင်တယ်လို့ ပြောရမယ် ထင်ပါရဲ့ … ။

ငပြည့်စီးတဲ့ မြင်းဟာ အိမ်ရှေ့စံနရပတိစည်သူရဲ့ မြင်းဖြစ်တာမို့ ချောင်းတစ်ဖက်ကမ်းက သူ့သခင်ရဲ့ အနံ့ရတဲ့ မြင်းတော်ကတော့တစ်ညလုံး ဟီနေတော့တာပေါ့ ..။အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့မြင်းဟီသံကြောင့် အကြောင်းထူးပြီဆိုတာ သိပြီး တစ်ညလုံး အိပ်လို့ မပျော်နိုင်ခဲ့ပါဘူး …။ ဘယ်အချိန်ရောက်လာနိုး မျှော်ကိုးခဲ့ပေမယ့်မြင်းတော်ခံ ငပြည့်ကတော့ မနက်မိုးလင်းမှ ရောက်လာခဲ့ပြီး မိဖုရားကို ဘုရင်သိမ်းပိုက်သွားပြီ ဖြစ်ကြောင်း လျှောက်တင်ပါတော့တယ် ။နရပတိစည်သူရဲ့ ဒေါသဟာငယ်ထိပ်အထိ တတ်သွားခဲ့ပါတယ် ..။

ငါတို့ မင်းဟူသည် .. တစ်ညတာအချိန်ဆိုတာ အကြံအားလုံး ပြီးမြောက်နိုင်ကြောင်း .. ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ချက်ချင်းလာရောက်ပြီး မလျှောက်တင်ရကောင်းလား ‘ လို့ အမျက်တော်ရှပြီး မြင်းတော်ခံငပြည့်ကို ကွပ်မျက်လိုက်ပါတယ် ။ နောက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းခဲ့ပါတယ် ။

ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ ဒီဘုရားစေတီကို ရောက်လာတဲ့အခါ ခဏနားလို့ ဘုရားစောင်းတန်းအတိုင်းတတ်လာပြီးဆုတောင်းပြည့်ဘုရားဆင်းတုတော်မြတ်ကို ဖူးမျှော်ကြည်ညိုပါတယ်။ပါလာတဲ့ ပုဝါဖြူကို ကပ်လှူပူဇော်ပြီး သစ္စာအဓိဌာန် ပြုပါတော့တယ် ။

‘ တပည့်တော်သည် သစ္စာမတည် သည့် နောင်တော်ဘုရင်မင်းမြတ်ကို အပြီးတိုင် လုပ်ကြံ၍ အောင်မြင်ခဲ့ မည် ဆိုပါလျှင် ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူ ပါစေသတည်း.. ‘

အိမ်ရှေ့စံရဲ့ ပုဝါဖြူစဟာ လေမှာဝဲပျံပြီး ဘုရားရှင်ထံ လွင့် မျောသွားခဲ့ပြီး ထူူးခြားစွာ ဘုရား ရှင်ရဲ့ လက်တော်ပေါ်ကို ရောက်ရှိ ခံယူတော်မူခဲ့ပါတယ် ။နရပတိစည်သူဟာ သစ္စာဓိဌာန်ပြုခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ဝမ်းသာအားရစွာနဲ့ ချီတတ်လာခဲ့ပါတယ်။

သူ့ရဲ့ ငယ်ကျွန်တစ်ဦးဖြစ်တဲ့အောင်စွာငယ်ကို တိတ်တဆိတ်လွှတ်လို့ လုပ်ကြံစေရာမှာ အောင်မြင်ခဲ့ပြီး ဘုရင်မင်းယဉ်နရသိင်္ခ ကျဆုံးလို့ နရပတိစည်သူ မင်းဖြစ်လာခဲ့ပါတယ် ။သစ္စာအဓိဌာန်အောင်မြင်ပြီး ဆုတောင်းပြည့်လွန်းတဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားဆင်းတုတော်ကြောင့် ဘုရင်နရပတိစည်သူဟာတက် မအေးနိုင်ခဲ့ပါဘူးတဲ့ … ။


ဘာကြောင့်လည်းဆိုရင် နန်းတွင်းက မင်းညီမင်းသားတွေဟာလည်းသူလိုဆုတောင်းပြီး နန်းလုမှာကိုပူပန်သောက ဖြစ်ခဲ့ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ ဒါကြောင့် အမတ်ကြီးတွေနဲ့ တိုင်ပင်တဲ့အခါမှာ အရင်ဘိုးဘေးတွေဖြစ်တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း အခုလိုဆုတောင်းပြည့်လွန်းတာကြောင့်မင်းညီမင်းသားတွေ ဖူးမျှော်ခွင့်ပိတ်ပြီး အစောင့်ချထားဖူးပါကြောင်း …ပုဂံမင်းလက်ထက်မှာလည်း ပြုပြင်မွမ်းမံခဲ့ပြီး မြန်မာမင်းအဆက်ဆက်တို့လက်ထက်မှာလည်း မင်းညီမင်းသားအားလုံး ဆုမတောင်းရ၊မဖူးမျှော်ရလို့ တင်းကြပ်စွာ တားမြစ်ထားခဲ့ရတဲ့အထိ ဆုတောင်းပြည့်လွန်းလှတဲ့ ဆုတောင်းပြည့်ဘုရားအစစ်တစ်ဆူ ဖြစ်ကြောင်း လျှောက်တင်ကြပါတယ်။

ဒါကြောင့် နရပတိစည်သူလက်ထက်မှာလည်း ဒီဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ကြီးကို မင်းညီမင်းသားများ မဖူးမျှော်ရဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လို့ စောင့်ရှောက်ခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ် ။ရွှေတိဂုံဘုရား အထက်ပစ္စယံမှာရှိတဲ့ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်လို တန်ခိုးကြီးဆင်းတုတော်တွေဖြစ်မယ်ထင်ပါတယ် …။

ကျွန်တော်ငယ်ငယ်က အမေနဲ့မန္တလေးကို ဈေးဝယ်လိုက်တိုင်း …ရန်ကုန်မှာ ကျောင်းတတ်ရင်း ..ကျောင်းပိတ်လို့ အိမ်ပြန်ချိန် …ဧရာမြစ်ပြင်ကို ကားနဲ့ ဖြတ်တိုင်း..စစ်ကိုင်းတံတားကြီးပေါ်ကလှမ်းမြင်ရတဲ့ဒီဘုရားစေတီကို အဝေးကနေပြီးဖူးမျှော်ကြည်ညိုခဲ့ မိပါတယ် .. ။

ဒါပေမယ့် … ဒီဘုရားစေတီအတွင်းမှာ ဒီလိုတန်ခိုးကြီးတဲ့ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူနေမှန်း မသိခဲ့ရိုးအမှန်ပါ ..။တနေ့ကမှ အကြောင်းတိုက်ဆိုင်လို့ဖူးခဲ့ရတာ ဖြစ်ပါတယ် ။ငယ်ငယ်တုန်းက ဒီဘုရားကိုစိတ်ဝင်စားခဲ့တာက … အကြောင်းအရာတစ်ခုနဲ့ပါ ။ အဲတာကတော့ဘုရင်နရပတိစည်သူရယ်၊မွန်သူရဲကောင်း ရမန်ငထွေးရယ် ၊နရပတိစည်သူနဲ့ အတိတ်က ရန်ကြွေးရှိခဲ့တဲ့မိချောင်းကြီးရယ် … သုံးပွင့်ဆိုင်ဇတ်လမ်းလေးကို သတိယမိလို့ ဖြစ်ပါတယ် …။

ဒါဆိုရင် … သမိုင်းစိတ်ဝင်စားသူတွေအနေနဲ့ မင်းဝံတောင်တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာမြစ်ဘေးက ဘယ်ဘုရားစေတီလည်းဆိုတာ သိကြမယ် ထင်ပါတယ်

စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။

မန္တလေးတိုင်း အမရပူရမြို့မှ ဆုတောင်းပြည့်လွန်းလို့ အစောင့် အရှောက်နဲ့ ထားရတဲ့ဲ ဆုတောင်း ပြည့်ကိုယ်တော်မြတ်ကြီး ရှိတဲ့ ရွှေကြက်ယက်၊ရွှေကြက်ကျဘုရား များ နဲ့ လွမ်းမောဘွယ် … မြင်းတော်ခံငပြည့် ၊ အောင်စွာငယ် တို့ရဲ့ လွမ်းစေတီတွေ (ဒုတိယပိုင်း)

အချိန်ကာလဆိုတာ .. နောင်တ တရားများစွာကို မွေးဖွားပေးတတ် သလို သံဝေဂတရားတွေကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုစကား ရှိခဲ့ပါတယ် … ။နောင်တဆိုတာမျိုးက လည်း လွန်မှပဲ ရကြတာမျိုးလေ …။

နရပတိစည်သူဟာ ဘယ်လိုမှ ပြု ပြင်လို့ မရနိုင်တဲ့ အမှားတွေကို မင်း ပျိုမင်းလွင်ဘဝ၊အိမ်ရှေ့စံဘဝမှာပဲကျူးလွန်ခဲ့မိပါတယ် ။သစ္စာရှိတဲ့ ကျွန်ယုံတော် ငပြည့်ကို ဒေါသမထိမ်းနိုင်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ အမျက်မာန်စောင်ကြီးစွာ ကွပ်မျက်ခဲ့တယ်။ဒါတင်မကပဲ မိမိအထွတ်အထိပ်ရောက်ဖို့အတွက် အကိုတော် မင်းယဉ်နရသိင်္ခကို လုပ်ကြံပေးခဲ့တဲ့အောင်စွာငယ်ကိုလည်း နန်းရင်ပြင်ညီလာခံမှာ မထေမဲ့မြင်ပြုသည်ဆိုပြီး ကွပ်မျက်ခဲ့ပြန်ပါတယ် … ။

ငယ်ကျွန် အောင်စွာငယ်ကို ကွပ်မျက်ခဲ့တာကလည်း မိန်းမတစ် ယောက်အတွက်ပါပဲ ။ ဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် …အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့ရဲ့ မိဖုရားဝေဠုဝတီကို အကိုတော်

ဘုရင် မင်းယဉ်နရသိင်္ခက သိမ်းပိုက်လိုက်တဲ့အတွက် နာကျည်းစွာနဲ့ ကျွန်ယုံ လက်ရုံးတပည့် အောင်စွာငယ်ကို လုပ်ကြံခိုင်းတယ်။ အရေးတော်ပုံ အောင်ခဲ့ရင် ဘုရင့်မိဖုရားသုံးပါး( မရီး ၃ ယောက်) ထဲက မင်း နှစ်သက်တဲ့တစ်ပါးနဲ့ ငါကိုယ်တိုင်လက်ဆက်ပေးပြီး သူကောင်းပြုမယ်လို့လည်း ကတိပေးခဲ့တယ် ။


တကယ်အရေးတော်ပုံ အောင်မြင်တဲ့အခါမှာတော့ နရပတိစည်သူ ဟာမရီးတော်တွေရဲ့ ချေသလုံးဖက်ငိုယိုတောင်းပန်မှုကြောင့် သနားငဲ့ ညှာပြီး အောင်စွာငယ်ကိုပေးထား တဲ့ကတိဖျက်လိုက်ပါတော့တယ်… ။ဟဲ့ အောင်စွာငယ် … ငါမင်းကို ခိုင်းစေခဲ့စဉ်က ကတိပေးခဲ့ပေမယ့်အခုတော့ ငါ့မှာ အခက်တွေ့နေရတယ်၊ နင့်ကို ငါ့ရဲ့ မရီးတော်တစ်ပါး ပါးနဲ့ လက်ဆက်ပေးချင်ပေမယ့် အဲဒီလို လုပ်လိုက်ရင် ငါ့ရဲ့ ဘိုးဘေ တွေကို ပစ်မှားသလို ဖြစ်မှာစိုးတဲ့အ တွက် နင့်ကို တစ်ခြားအမျိုးကောင်း သမီးတစ်ဦးနဲ့ လက်ဆက်ပေးပြီး သူကောင်းပြုပေးပါ့မယ် ‘ လို ဘုရင် ကိုယ်တိုင် ချော့မော့ပြောဆိုခဲ့ပေမယ့် … အောင်စွာငယ်ကတော့ မကြေနပ်ခဲ့ပါဘူး ။ ‘ကတိမတည်တဲ့ ဘုရင်ပဲ . ထွီ ‘ ဆိုပြီးတံတွေးထွေးလို့ ထွက်သွားခဲ့တာကြောင့် နရပတိစည်သူဟာ ဒေါသဖြစ်ပြီး ညီလာခံ မှာ မထေမဲ့မြင်ပြုတဲ့အတွက် မင်းမျက်သင့်လို့ ကွပ်မျက်ခဲ့ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ငပြည့်နဲ့ အောင်စွာငယ်ကို ကွပ်မျက်ခြင်းဟာ ကျေးဇူးမဲ့လွန်းရာ ရောက်ခဲ့တာမို့ နရပတိစည်သူဟာ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ် ။ တပည့်တွေ အတွက် ကုသိုလ် ကောင်းမှု ပြုပေးဖို့ သူဘုရင်ဖြစ်ချိန်မှာ စဉ်းစားဆောင်ရွက်ပေးခဲ့ပါ တယ်…။ အရေးတော်ပုံကာလက သူအဓိဌာန် ပြုခဲ့တဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားဆီကို ရေတ
ပ် အင်အား အပြည့်အဝနဲ့ ပြန်လာခဲ့ ပါတယ်။သက္ကရာဇ် ၅၄၇ခုနှစ် ဖြစ်ပါတယ်။ ဆုတောင်းပြည့်ကိုယ်တော်မြတ်ထံ သူဆုတောင်းခဲ့တာက သက္ကရာဇ် ၅၃၆ ခုနှစ်ဖြစ်တာကြောင့်ဘုရင်ဖြစ်ပြီး ၁၁ နှစ်ကြာမှပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။ထီးတော်တင်ဖို့နဲ့ တပည့်တွေအတွက် ဘုရားတည်ပေးဖို့ ပြန်လာခဲ့တာပါ ။ ရွှေကြက်ယက်၊ရွှေကြက်ကျ ဘုရားတွေဟာ သီရိဓမ္မာသောက မင်းကြီး တည်ထားခဲ့တဲ့ ဗျာဒိတ်ရဘုရားတွေ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ကြက်မင်းဘဝက မိဖုရား ယသော်ဓယာအလောင်း နဲ့အတူနေထိုင်ကျက်စားခဲ့တဲ့ တောင်တော် နှစ်ဆူပေါ်မှာ တည်ထားခဲ့တာပါ ။မန္ဓာဂီရိတောင်တော်ပေါ်မှာ ရွှေကြက်ယက်ဘုရားတည်ခဲ့ပြီး ၊နင်္ဂါးရစ်တောင်တော်ပေါ်မှာ

ရွှေကြက်ကျဘုရားတည်ခဲ့တာ ဖြစ်ပါတယ်။ဘုရားရှင်ရဲ့ သရီယဓါတ်တော်တွေကို ဌာပနာပြီး တည်ခဲ့တာမို့ ခုချိန်ထိ တန်ခိုးကြီးလှတဲ့ ဘုရားညီနောင်အဖြစ်တည်ရှိနေခဲ့ပါတယ် … ။အမရပူရ မှာ တည်ရှိပြီး ဧရာမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။)

ဆုတောင်းပြည့်လွန်းတဲ့ ဆင်းတု တော်မြတ်ဟာ ရွှေကြက်ယက် ဘုရားအတွင်းမှာ တည်ရှိပါတယ် ။အိမ်ရှေ့မင်းဘဝက အဓိဌာန်ပြု ဆု တောင်းခဲ့တယ်ဆိုတာကလည်း အရိ မဒ္ဒနာပူရ ပုဂံနေပြည်တော်မှာ မင်းဧကရာဇ်ဖြစ်မည်ဆိုပါက ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူပါစေသတည်းလို့ ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။အကိုမင်းယဉ်နရသိင်္ခကို သတ်ဖို့ဆုတောင်းတာမဟုတ်ပါဘူး ။ပထမအပိုင်းမှာ စာရေးတာ လိုအပ်ချက်ရှိသွားတဲ့အတွက် လူသတ်ဖို့ ဘုရားက ခွင့်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ )တပည့်တွေအပေါ် တင်ရှိခဲ့တဲ့နောင်တ တရားတွေနဲ့အတူ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကို ပြုပြင်ပြီး ထီးတော်အသစ်တင်လှူဖို့ လာခဲ့တဲ့ နရပတိစည်သူရဲ့ ဖောင်တော်ဟာ ရွှေကြက်ကျဘုရားရောက်ခါနီးမှာပဲ အတိတ်ဘဝက ရန်ငြိုးရှိခဲ့တဲ့မိချောင်းကြီး ရဲ့ တိုက်ခိုက်မှုခံရပါတော့တယ် ။နတ်မိချောင်းကြီးဟာ နရပတိစည်သူရဲ့ ဖောင်တော်ကို အောက်ကနေထမ်းထားတဲ့အတွက် ဖောင်တော်ရပ်သွားပြီး တစ်ဖက်စောင်းသွားခဲ့ပါတယ် ။ ဖောင်တော်တိမ်းမှောက်တော့မယ့် အခြေအနေမှာ ဖောင်တော်ပေါ်မှာ ပါလာတဲ့ မွန်သူရဲကောင်း ရမန်ငထွေးဟာ ဘုရင့်သံလျက်တော်ကို တောင်းလို့ ရေအောက်မှာ မိချောင်းကြီးနဲ့ သတ်ပုတ်လို့ အနိုင်ယူခဲ့ပါတယ်။ မင်းကြီးလည်း မွန်သူရဲကောင်း ရမန်ငထွေးကို အားရကြေနပ်တော်မူလို့ ဆုတော်များစွာပေးတဲ့ အပြင် အနန္တသူရိယဘွဲ့ ချီးမြှင့်ခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ငယ်ငယ်တုန်းက စစ်ကိုင်းတံတားကြီးပေါ်က ဖြတ်ပြီး ရွှေကြက်ကျဘုရားကို အဝေးကဖူးမျှော်ကြည်ညိုမိတိုင်း ရမန်ငထွေးကို အားကျစိတ်နဲ့ သတိယမိပါတယ် ။

နရပတိစည်သူဟာ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကိုပြုပြင်ပြီး ထီးတော်အသစ်တင်လှူခဲ့ပါတယ် ။ရွှေကြက်ယက်ဘုရားရဲ့အောက်အဆင့်ရင်ပြင်တော်ပေါ်မှာတဝဂူ ကြာခံဘုရားတစ်ဆူ တည်ထားခဲ့သလို မြင်းတော်ခံငပြည့်အတွက် ဘုရားတစ်ဆူ ၊ အောင်စွာငယ်အတွက်ဘုရားတစ်ဆူ တည်ပြီးကုသိုလ်ပြုလို့ အမျှပေးဝေခဲ့ပါတယ် …။( ဘုရားပုံတစ်ခုချင်းစီမှာ စာရေးပေးထားပါတယ်)ရွှေကြက်ယက်ဘုရားခြေရင်းမှာ မြင်းတော်ခံငပြည့်အတွက် နတ်နန်းတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့ပါတယ် လက်ရှိမှာလည်း နတ်နန်းဟာ မူလအတိုင်းတည်ရှိနေပါသေးတယ်။

ဘုရားတွေ ထီးတင်ပွဲမှာ နရပတိစည်သူဟာ သူ့ငယ်ကျွန်အရင်းတွေကို သတိယ တမ်းတလွန်းလို့ မအိပ်မစား ဖြစ်ခဲ့တယ်ဆိုတာရယ် …ဒီအချိန်မှာ သူ့ငယ်ကျွန်တွေရှိရင်အရမ်းဂုဏ်ယူ ဝမ်းမြောက်ကြပေလိမ့်မယ်လို့ တဖွဖွ ပြောဆိုခဲ့တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။ တခါတရံမှာ သတိထားရမှာက ဆရာ တပည့် သိပ်ရင်းနှီးတဲ့အခါ တပည့်ဆိုတာဆရာအရင်းကို စိတ်ကောက်တာနွဲ့ဆိုး ဆိုးတာတွေ ဖြစ်တတ်ပါတယ် ဒါကို နားလည်မှု မပေးရင် ဆရာကို မခန့်လေးစားလုပ်တယ်လို့ နားလည်မှုတွေ လွဲမှားတတ်ကြပါတယ် ဘဝနဲ့ရင်းရတဲ့ ဆင်ခြင်စရာတွေကိုသမိုင်းတွေက လက်ဆင့်ကမ်း ပေးထားခဲ့ပါပြီ … ။မြင်းတော်ခံငပြည့်ကို ကွပ်မျက်ခဲ့စဉ်တုန်းအခါကလည်း … စိတ်မကောင်းစရာ အဖြစ်အပျက်ကလေးတစ်ခု ဖြစ်ခဲ့ပါတယ်… ။

နရပတိစည်သူရဲ့ ဖောင်တော်ဟာဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာရင်း စစ်ကိုင်းရွာသစ်ကြီးနဲ့ငါန်းဇွန်အနား ရောက်တဲ့အခါ ဖောင်တော် ရပ်သွားခဲ့ပါတယ် ။ မြင်းတော်ခံငပြည့်ရဲ့အလောင်းဟာဖောင်တော်နဲ့ ကပ်ပါလာတာကိုထူးဆန်းစွာ တွေရှိလိုက်ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ် … ။နရပတိစည်သူဟာ စိတ်မကောင်း ကြီးစွာ ဖြစ်ခဲ့ရပြီး ‘ မင်းတာဝန်ကြေပါတယ် ၊နေရစ်ပါတော့ ငပြည့်ရယ်’လို့ ပြောဆိုလို့အနီးက သဲသောင်ပြင်မှာ ဖောင်တော်ကပ်လို့ ကောင်းစွာမီးသဂြိုလ်ပေးခဲ့ပါတယ် ။သူ့တပည့်ကို ချီးမြှောက်တဲ့ အနေနဲ့သဲသောင်ပြင်ကို အပိုင်စား ပေးခဲ့ပါတယ်။ ရွှေပြည့်ရှင် ကျွန်းပိုင်နတ်ဖြစ်သွားခဲ့တယ်လို့ ဖတ်ခဲ့ရပြီးဒေသခံများ ကိုးကွယ်လျက်ရှိကြောင်း သိရှိရပါတယ် ။သမိုင်းဆိုတာ သေဆုံးပျောက်ကွယ်သွားတဲ့ လူတွေ… မြို့ရွာတွေအကြောင်း သင်ကြားလေ့လာရတဲ့ဘာသာရပ်ဖြစ်သလို လူတွေ ဒေသတွေ တိမ်ကောပပျောက်သွားကြပေမယ့် မပပျောက်တဲ့ အကျိုးဆက်တွေကြောင့် ယခုလူ့ဘောင်လောကကြီးဆက်လက် ရှင်သန်နေခဲ့ရတာဖြစ်ပါတယ်လို့ သမိုင်းဆရာမကြီးရဲ့စကားလေးကို သဘောကျမိပါတယ် ။အတိတ်မရှိခဲ့ရင် ပစ္စုပ္ပန်ဆိုတာမရှိနိုင်သလို ပစ္စုပ္ပန်မရှိရင် အနာဂတ်လည်း ရှိမှာမဟုတ်ပါဘူး။အတိတ်ကို သင်္ခန်းစာယူနိုင်ပြီး အနာဂတ် လှပအောင်ဖန်တည်းဖော်ဆောင်နိုင်ကြပါစေလို့ ဆ
န္ဒပြုလိုက်ပါရစေ ။ စာဖတ်သူများ အားလုံးဒေါသ မာန်မာနကြောင့် ရတဲ့ နောင်တ တရားတွေ ကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ။ ။

14.3.2019 King

(Publish by Anawyahtar King)

Post a Comment

0 Comments