“စာေမးပြဲၿပီးလို႔ ျမန္မာႏိုင္ငံကို ျပန္လာေနတဲ့ ယြန္းဝတီလြင္မိုး”


ယြန္းဝတီလြင္မုိးက စာေမးပြဲၿပီးလုိ႔ ျမန္မာႏုိင္ငံကုိ ျပန္လာေနပါၿပီ။ သူမရဲ႕ ခင္ပြန္းျဖစ္သူလည္း လုိက္ပါလာခဲ့ပါတယ္။ မၾကာခင္မွာ မိသားစုေတြနဲ႔အတူ ေတြ႔ဆုံရေတာ့မွာျဖစ္လုိ႔ ေပ်ာ္ရႊင္ေနၾကပါတယ္။

သရုပ္ေဆာင္ လြင္မုိးရဲ႕ သမီးႀကီး ယြန္းဝတီလြင္မုိး နဲ႔ သူမရဲ႕ ခင္ပြန္းတုိ႔ဟာ စာေမးပြဲၿပီသြားလုိ႔ ျမန္မာႏုိင္ငံကုိ ျပန္လာေနၾကၿပီျဖစ္ပါတယ္။ သူမဟာ ‘’Done with exam, so ready to go home. Also 8degree with rain today’’ ဆုိၿပီးေတာ့ သူ႔ရဲ႕ Instagram Story မွာ ဇြန္လ ၁၉ ရက္ေန႔ ညက တင္ခ့ဲတာျဖစ္ပါတယ္။


ယြန္းဝတီလြင္မိုးကေတာ့ သားေလးနဲ႕ ေတြ႕ရေတာ့မွာမို႕ သူမလည္း ေပ်ာ္ေနမွာပါ။ ယြန္းဝတီလြင္မိုးရဲ႕ သားေလး Liam ေလးက အခုဆိုရင္ (၉)လသားအရြယ္ေလးကို ေရာက္ေနပါၿပီ။ ယြန္းဝတီလြင္မုိးဟာ သားေလး Liam ကုိ ျမန္မာနာမည္ အေနနဲ႔ လြင္ထက္ လုိ႔ နာမည္ေပးထားပါတယ္။ ေမေမယြန္းဝတီလြင္မုိးကုိ ခ်စ္တဲ့ ပရိသတ္ေတြက သားေလး Liam ကုိလည္း အခ်စ္ေတြ အမ်ားႀကီး ေပးထားတာ ေတြ႔ရပါတယ္။
သရုပ္ေဆာင္ ယြန္းဝတီလြင္မုိးနဲ႔ ခင္ပြန္းျဖစ္သူ ထက္ဦးလႈိင္တုိ႔ဟာ ၾသစေတးလ်ႏိုင္ငံ မဲဘုန္းၿမိဳ႕မွာ ေနထုိင္တာျဖစ္ပါတယ္။ သူတုိ႔ဇနီးေမာင္ႏွံဟာ ေက်ာင္းလည္း တက္ရင္း အလုပ္လည္း လုပ္ေနၾကတာပါ။ ဒါေၾကာင့္ သူတုိ႔ရဲ႕ တစ္ဦးတည္းေသာ သားေလး Liam ကုိ ရန္ကုန္မွာရွိတဲ့ မိဘေတြနဲ႔ထားခဲ့တာပါ။


၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလထဲမွာ အသက္ ၂၀ ျပည့္ခဲ့တဲ့ သရုပ္ေဆာင္ယြန္းဝတီလြင္မိုးဟာ ခ်စ္သူျဖစ္သူ ေမာင္ထက္ဦးလႈိင္နဲ႕ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔ (လြတ္လပ္ေရး) မနက္ပိုင္းက MELIA Hotel Yangon မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ ျပဳလုပ္ခဲ့ၿပီး ညေနပိုင္းမွာလိုင္း MELIA Hotel Yangon မွာပဲ မဂၤလာညစာစားပြဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Credit - Duwun



Unicode Version     


ယွန်းဝတီလွင်မိုးက စာမေးပွဲပြီးလို့ မြန်မာနိုင်ငံကို ပြန်လာနေပါပြီ။ သူမရဲ့ ခင်ပွန်းဖြစ်သူလည်း လိုက်ပါလာခဲ့ပါတယ်။ မကြာခင်မှာ မိသားစုတွေနဲ့အတူ တွေ့ဆုံရတော့မှာဖြစ်လို့ ပျော်ရွှင်နေကြပါတယ်။


သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုး နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ စာမေးပွဲပြီသွားလို့ မြန်မာနိုင်ငံကို ပြန်လာနေကြပြီဖြစ်ပါတယ်။ သူမဟာ ‘’Done with exam, so ready to go home. Also 8degree with rain today’’ ဆိုပြီးတော့ သူ့ရဲ့ Instagram Story မှာ ဇွန်လ ၁၉ ရက်နေ့ ညက တင်ခဲ့တာဖြစ်ပါတယ်။


ယွန်းဝတီလွင်မိုးကတော့ သားလေးနဲ့ တွေ့ရတော့မှာမို့ သူမလည်း ပျော်နေမှာပါ။ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးက အခုဆိုရင် (၉)လသားအရွယ်လေးကို ရောက်နေပါပြီ။ ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။
သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်တို့ဟာ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ကျောင်းလည်း တက်ရင်း အလုပ်လည်း လုပ်နေကြတာပါ။ ဒါကြောင့် သူတို့ရဲ့ တစ်ဦးတည်းသော သားလေး Liam ကို ရန်ကုန်မှာရှိတဲ့ မိဘတွေနဲ့ထားခဲ့တာပါ။


၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Credit - Duwun

Post a Comment

0 Comments