နေ့စဉ်ဘီယာ သောက်သုံးပါက H1N1 ရောဂါပိုးအား ကာကွယ်နိုင်ကြောင်း ရှာဖွေတွေ့ရှိ










Credit - Augn Naing Kyaw


Unicode Version    


နေ့စဉ် ဘီယာသောက်သုံးပါက H1N1 ရောဂါပိုးအား ကာကွယ်နိုင်ကြောင်း Yamakar တက္ကသိုလ်မှ ဒေါက်တာ Sheky-Man မှ ပြီးခဲ့တဲ့ တနင်္လာနေ့က NTM ( Naetinemue ) သတင်းဌာနကို ယခုလို ပြောကြားလိုက်ပါတယ် ။

” ဟုတ်ကဲ့ ကျွန်တော်တို့ ပုံမှန်အားဖြင့် H1N1 ရောဂါပိုးဟာ လေထဲကနေတဆင့် အသက်ရှု လမ်းကြောင်းကနေ ကူးဆက်နိုင်တာပေါ့နော် ။ အဲ့တော့ ကျွန်တော်တို့ ရှူသွင်းလိုက်တဲ့ လေထဲမှာ ရောဂါပိုး ပါဝင်သွားလား ? မပါဝင်သွားဘူး ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ဆိုတော့ကား ကျွန်တော်တို့နေ့စဉ် ရှူသွင်းလိုက်တဲ့လေကို တက်နိုင်သမျှ ပြန်ထုတ်ရပါမယ် ။

လေနဲ့ပါလာတဲ့ ရောဂါပိုးကို ခန္ဓာကိုယ်ထဲကနေ လေနဲ့ ပြန်ထုတ်တဲ့ သဘောပေါ့ ။ ဟုတ်ပြီ လေနဲ့ဘယ်လို ပြန်ထုတ်မလည်း ယေဘူယျအားဖြင့် နည်းလမ်းနှစ်ခု ရှိပါတယ် ။ ပထမနည်းလမ်းက လေလည်ခြင်းနဲ့ ဒုတိယနည်းက လည်ချဉ် တက်ခြင်းပေါ့နော် ။

ပထမနည်းလမ်းဟာ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင် ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ နည်းလမ်းပါ ။ ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေမှု မရှိသလို လေအမြဲတမ်း လေလည်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး ။

အဲ ဒုတိယ နည်းလမ်းဟာလည်း လူတစ်ယောက်က ခဏခဏ လေချဉ်တက်ဖို့ဆိုတာ အဆင် သိပ်မပြေပြန်ဘူး ။ ဒီတော့ ကျွန်တော်တို့ဟာ အထောက်အကူ ဖြစ်စေမယ့် အရာလိုအပ်ပါတယ် ။

ဟုတ်ကဲ့ အဲတာကတော့ ဘီယာပါပဲ ။ ပုံမှန်လူ တစ်ယောက်ဟာ ဘီယာတစ်ခွက် သောက်သုံးရင် လေချဉ်တစ်ခါ (သို့) နှစ်ခါလောက် တက်ပါတယ် ။ ပုံမှန်နေ့စဉ် ဘီယာ အနည်းဆုံး ၅ ခွက်မှ ၁၀ ခွက်နီးပါ ညအိပ်ခါနီး သောက်သုံးရင် တနေ့ကုန် ရှူသွင်းလိုက်တဲ့ လေနဲ့အတူပါလာတဲ့ H1N1 လို ရောဂါပိုးမွှားတွေဟာ လေချဉ်တက်ခြင်းနဲ့အတူ ခန္ဓာကိုယ်ထဲကနေ ပြန်ထွက်သွားမှာပါ ” လို့ ဒေါက်တာ Shekyman က သူရဲ့ လေ့လာ တွေ့ရှိချက်ကို Muetinekwel မြို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ် ။

ဟုတ်ကဲ့ ကျွန်တော်ကတော့ သတင်းထောက် Aung Naing Kyaw ပါ

( မှတ်ချက် – စာရေးသူ ဟာသအနေဖြင့်တင်ခြင်းသာ ဖြစ်ပါကြောင်း peace )

Credit - Augn Naing Kyaw

Post a Comment

0 Comments