“ေက်ာင္းစရိတ္ေလးရေအာင္ ေက်ာင္းကအျပန္ ဖိနပ္ခ်ဳပ္ဆိုင္ဖြင့္ၿပီး ပိုက္ဆံရွာတဲ့ ေမာင္ႏွမ ၂ေယာက္”


မိဘေပးတဲ့ မုန္႔ဖိုးကို ယူၿပီး ေက်ာ့ေက်ာ့ေလး ေက်ာင္းတက္ေနတဲ့ သူေတြရွိသလို ကိုယ့္ေက်ာင္းစရိတ္အတြက္ ကို ကိုယ္တိုင္႐ုန္းကန္ေနရတဲ့ သူေတြလည္းရွိပါတယ္။ ဒီလို႐ုန္းကန္ေနရတဲ့ သူေတြထဲကမွာ ဖိလစ္ပိုင္ႏိုင္ငံ Puerto Princesa ၿမိဳ႕ မွာေနထိုင္တဲ့ ေမာင္ႏွမ ႏွစ္ေယာက္လည္း ပါဝင္ပါတယ္။ သူတို႔ကေတာ့ အသက္ ၁၃ႏွစ္အ႐ြယ္ Manuelita Borbon နဲ႔ အသက္ ၁၂ႏွစ္အ႐ြယ္ Micko Borbon ဆိုတဲ့ ေမာင္ႏွမ ႏွစ္ေယာက္ပဲျဖစ္ပါတယ္။

၈တန္းနဲ႔ ၇တန္း အသီးသီး တက္ေရာက္ေနတဲ့ အလယ္တန္း ေက်ာင္းသူေက်ာင္းသားေတြျဖစ္ၿပီး ေက်ာင္းကအျပန္ Valencia လမ္းေဘးမွာ ဖိနပ္ခ်ဳပ္တဲ့ အလုပ္ကို လုပ္ကိုင္ၿပီး ေမာင္ႏွမႏွစ္ေယာက္ ပိုက္ဆံရွာတတ္ပါတယ္။ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ေက်ာင္းမွာ တစ္ေန႔စာ ကုန္က်သြားတဲ့ ကုန္က်စရိတ္အျပင္ အိမ္စာရိတ္ေလးလည္း ျပန္ကာမိေအာင္လို႔ အခုလို ေမာင္ႏွမ ႏွစ္ေယာက္ အလုပ္လုပ္ျဖစ္သြားတာလို႔ ဆိုပါတယ္။

သူတို႔ဟာ Puerto Princesa ၿမိဳ႕ရဲ႕ က်ဴးေက်ာ္ေနရာတစ္ေနရာမွာ ေသးငယ္တဲ့ အိမ္ေလးတစ္လုံးကို ေဆာက္ၿပီး ေနထိုင္ရသူေတြျဖစ္ပါတယ္။ Manuelita နဲ႔ Micko ဟာ ဒီဖိနပ္ခ်ဳပ္တဲ့ ပညာကို မိဘေတြဆီကေနတစ္ဆင့္ သင္ယူခဲ့ရတာၿပီး ေက်ာင္းကအျပန္မွာေတာ့ အိမ္ကို တန္းမျပန္ဘဲ ဖိနပ္ခ်ဳပ္ဆိုင္ေလးဖြင့္ၿပီး ဖိနပ္ခ်ဳပ္ၾကပါတယ္။ ဒီအေၾကာင္းကို အင္တာနက္သုံးစြဲသူ တစ္ဦးက စာေရးၿပီး ပို႔စ္တင္ေပးခဲ့တာေၾကာင့္ အခုလို လိုင္းေပၚမွာ ျပန္႔ႏွံ႔ခဲ့တာျဖစ္ပါတယ္။

ကေလးႏွစ္ေယာက္ရဲ႕ အေၾကာင္းကို ၾကားသိရတဲ့အခါ ေက်ာင္းအုပ္ႀကီးျဖစ္သူ Dr. Eduardo Santos ကလည္း ကေလးေတြအတြက္ လိုအပ္တာေတြနဲ႔ သူတို႔မိသားစုဘဝေလး ဒီထက္မက တိုးတက္လာဖို႔ အကူအညီေတြ တတ္ႏိုင္သေလာက္ ေပးစြမ္းသြားမယ္လို႔ ဆိုပါတယ္။ ပညာေရးကို တကယ္ လိုလားတဲ့ ကေလးေတြျဖစ္တာေၾကာင့္ မျပည့္စုံထဲ ၾကားမွာ မိဘေတြကို ကူညီရင္း အခုလိုေတြ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

အျခား ေက်ာင္းသားေတြအတြက္ကေတာ့ Manuelita နဲ႔ Micko ဟာ စံျပကေလးေတြလို႔ ဆိုရေလာက္ေအာင္ သူတို႔ရဲ႕ စိတ္ဓာတ္ေလးေတြက ေလးစားခ်င္စရာေကာင္းလြန္းပါတယ္။

Credit : Lifestyle Myanmar



Unicode Version    


မိဘပေးတဲ့ မုန့်ဖိုးကို ယူပြီး ကျော့ကျော့လေး ကျောင်းတက်နေတဲ့ သူတွေရှိသလို ကိုယ့်ကျောင်းစရိတ်အတွက် ကို ကိုယ်တိုင်ရုန်းကန်နေရတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရုန်းကန်နေရတဲ့ သူတွေထဲကမှာ ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့ မှာနေထိုင်တဲ့ မောင်နှမ နှစ်ယောက်လည်း ပါဝင်ပါတယ်။ သူတို့ကတော့ အသက် ၁၃နှစ်အရွယ် Manuelita Borbon နဲ့ အသက် ၁၂နှစ်အရွယ် Micko Borbon ဆိုတဲ့ မောင်နှမ နှစ်ယောက်ပဲဖြစ်ပါတယ်။

၈တန်းနဲ့ ၇တန်း အသီးသီး တက်ရောက်နေတဲ့ အလယ်တန်း ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ကျောင်းကအပြန် Valencia လမ်းဘေးမှာ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး မောင်နှမနှစ်ယောက် ပိုက်ဆံရှာတတ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းမှာ တစ်နေ့စာ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်အပြင် အိမ်စာရိတ်လေးလည်း ပြန်ကာမိအောင်လို့ အခုလို မောင်နှမ နှစ်ယောက် အလုပ်လုပ်ဖြစ်သွားတာလို့ ဆိုပါတယ်။

သူတို့ဟာ Puerto Princesa မြို့ရဲ့ ကျူးကျော်နေရာတစ်နေရာမှာ သေးငယ်တဲ့ အိမ်လေးတစ်လုံးကို ဆောက်ပြီး နေထိုင်ရသူတွေဖြစ်ပါတယ်။ Manuelita နဲ့ Micko ဟာ ဒီဖိနပ်ချုပ်တဲ့ ပညာကို မိဘတွေဆီကနေတစ်ဆင့် သင်ယူခဲ့ရတာပြီး ကျောင်းကအပြန်မှာတော့ အိမ်ကို တန်းမပြန်ဘဲ ဖိနပ်ချုပ်ဆိုင်လေးဖွင့်ပြီး ဖိနပ်ချုပ်ကြပါတယ်။ ဒီအကြောင်းကို အင်တာနက်သုံးစွဲသူ တစ်ဦးက စာရေးပြီး ပို့စ်တင်ပေးခဲ့တာကြောင့် အခုလို လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

ကလေးနှစ်ယောက်ရဲ့ အကြောင်းကို ကြားသိရတဲ့အခါ ကျောင်းအုပ်ကြီးဖြစ်သူ Dr. Eduardo Santos ကလည်း ကလေးတွေအတွက် လိုအပ်တာတွေနဲ့ သူတို့မိသားစုဘဝလေး ဒီထက်မက တိုးတက်လာဖို့ အကူအညီတွေ တတ်နိုင်သလောက် ပေးစွမ်းသွားမယ်လို့ ဆိုပါတယ်။ ပညာရေးကို တကယ် လိုလားတဲ့ ကလေးတွေဖြစ်တာကြောင့် မပြည့်စုံထဲ ကြားမှာ မိဘတွေကို ကူညီရင်း အခုလိုတွေ ရုန်းကန်နေရတာဖြစ်ပါတယ်။

အခြား ကျောင်းသားတွေအတွက်ကတော့ Manuelita နဲ့ Micko ဟာ စံပြကလေးတွေလို့ ဆိုရလောက်အောင် သူတို့ရဲ့ စိတ်ဓာတ်လေးတွေက လေးစားချင်စရာကောင်းလွန်းပါတယ်။

Credit : Lifestyle Myanmar

Post a Comment

0 Comments