RELATIONSHIP တစ္ခု အဆံုးသတ္သြားတဲ့အခါ လူတုိင္းနီးပါး လုပ္ေလ့ရိွတဲ့အမွားတစ္ခု


ဘာလဲဆုိေတာ့ ေနာက္ Relationship တစ္ခုကို ခ်က္ခ်င္း စလုိက္တာပဲ။Rebound Relationship လုိ႔ေခၚတယ္။ အမ်ားစုကေတာ့ အခ်စ္ေၾကာင့္ရတဲ့ ေရာဂါေ၀ဒနာကို အခ်စ္နဲ႔ ကုရမယ္ဆုိတဲ့ အေတြးေၾကာင့္။ အေရွ႕ကလူကို ေမ့ႏုိင္ဖုိ႔အတြက္ ေနာက္တစ္ေယာက္နဲ႔ အျမန္အစားထိုး လုိက္တာမ်ဳိးေတြ လုပ္တတ္ၾကတယ္။ တခ်ဳိ႕ကက်ေတာ့ အရြဲ႕တိုက္ၾကတာ။ ငါလုိလူအတြက္ ေနာက္တစ္ေယာက္ မရွားဘူးဆုိတဲ့ ပံုစံမ်ဳိး။ အဲဒီအခ်ိန္မွာ အနစ္နာဆံုးလူကေတာ့ တတိယလူပဲ။ ဒုတိယနစ္နာမယ့္သူက ကိုယ္ကိုယ္တုိင္ပဲ။

ကုိယ္ခ်စ္ရတဲ့သူနဲ႔ ခြဲခြာရတဲ့ ခံစားခ်က္က နာက်င္ရတယ္ ဆုိေပမယ့္ မွန္ကန္တဲ့ နည္းလမ္းနဲ႔ ကိုယ့္ကိုယ္ကို ေျဖသိမ့္လုိ႔ရပါတယ္။ သူငယ္ခ်င္းေတြကို ရင္ဖြင့္တာ။ အေလ့အက်င့္အသစ္ အဆန္းေလးေတြ ဖန္တီးယူတာ။ ခရီးထြက္တာ။ စာဖတ္တာ။ အဲဒီလုိမ်ဳိးေတြနဲ႔ ေျဖသိမ့္လုိ႔ရတယ္။ Time is the best healer ဆုိသလုိ အခ်ိ္န္က အေကာင္းဆံုး ကုစားသြားမွာပါ။

ကိုယ္ခ်စ္ရတဲ့သူနဲ႔ လမ္းခြဲၿပီးေနာက္ပိုင္း

ကိုယ့္ကိုယ္ကို စိတ္ေရာကိုယ္ေရာ ေအးခ်မ္းေစမယ့္ နည္းလမ္းမ်ဳိးနဲ႔ အနားေပးပါ။ၿပီးခဲ့တဲ့ Relationship မွာဘာေတြမွားခဲ့လဲ ဆိုတာေလ့လာပါ။

တကယ္လို႔ ကိုယ္တြဲေနတဲ့ လူအေၾကာင္း ကိုယ္ေနာက္က်မွ သိလုိက္ရလုိ႔ ျပသနာျဖစ္ခဲ့တာဆုိရင္ ေနာက္တစ္ေယာက္နဲ႔ တြဲဖုိ႔ျဖစ္လာတဲ့အခါ ေနာက္ေၾကာင္းကို ေသခ်ာေအာင္အရင္စံုစမ္းတာ မ်ဳိးလုပ္ပါ။

ကိုယ့္ခ်စ္သူက ကိုယ့္အေပၚအရမ္း ဇီဇာေၾကာင္လုိ႔ .. ကိုယ့္အေပၚခ်ဳပ္ခ်ယ္လုိ႔ လမ္းခြဲရတာဆုိရင္ ေနာက္တစ္ခါ ကိုယ္သေဘာက်တဲ့သူက flexible ျဖစ္မျဖစ္ ေသခ်ာေလ့လာပါ။

ကိုယ့္ဘက္က ျပင္သင့္တဲ့ အခ်က္ေတြကိုလည္းျပင္ပါ။

မိန္းကေလးေတြတင္ မဟုတ္ဘဲ ေယာက္်ားေလးေတြလည္း ကိုယ့္ဘက္က မနစ္နာဘူးဆိုတဲ့ အေတြးမ်ဳိးလံုး၀ မေတြးပါနဲ႔။ေယာက္်ားေလးေတြမွာလည္း ေစာင့္ထိန္းရမယ့္ ဂုဏ္သိကၡာရွိသလုိ .. အတိတ္ဆိုးေတြကလည္း တခ်ိန္က်ရင္ ေျခာက္လွန္႔ လာႏုိင္တယ္ဆုိတာ မေမ့ပါနဲ႔။

ကိုယ့္ဆီကို Right Time က်ရင္ ေရာက္လာမယ့္ Mr.Right တုိ႔ Ms.Right တို႔ကို စိတ္ရွည္ရွည္နဲ႔ သိကၡာရိွရိွေစာင့္ဆိုင္းၾကပါလို႔…

Credit - santhitsa



Unicode Version 


ဘာလဲဆိုတော့ နောက် Relationship တစ်ခုကို ချက်ချင်း စလိုက်တာပဲ။Rebound Relationship လို့ခေါ်တယ်။ အများစုကတော့ အချစ်ကြောင့်ရတဲ့ ရောဂါဝေဒနာကို အချစ်နဲ့ ကုရမယ်ဆိုတဲ့ အတွေးကြောင့်။ အရှေ့ကလူကို မေ့နိုင်ဖို့အတွက် နောက်တစ်ယောက်နဲ့ အမြန်အစားထိုး လိုက်တာမျိုးတွေ လုပ်တတ်ကြတယ်။ တချို့ကကျတော့ အရွဲ့တိုက်ကြတာ။ ငါလိုလူအတွက် နောက်တစ်ယောက် မရှားဘူးဆိုတဲ့ ပုံစံမျိုး။ အဲဒီအချိန်မှာ အနစ်နာဆုံးလူကတော့ တတိယလူပဲ။ ဒုတိယနစ်နာမယ့်သူက ကိုယ်ကိုယ်တိုင်ပဲ။

ကိုယ်ချစ်ရတဲ့သူနဲ့ ခွဲခွာရတဲ့ ခံစားချက်က နာကျင်ရတယ် ဆိုပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လို့ရပါတယ်။ သူငယ်ချင်းတွေကို ရင်ဖွင့်တာ။ အလေ့အကျင့်အသစ် အဆန်းလေးတွေ ဖန်တီးယူတာ။ ခရီးထွက်တာ။ စာဖတ်တာ။ အဲဒီလိုမျိုးတွေနဲ့ ဖြေသိမ့်လို့ရတယ်။ Time is the best healer ဆိုသလို အချိန်က အကောင်းဆုံး ကုစားသွားမှာပါ။

ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း

ကိုယ့်ကိုယ်ကို စိတ်ရောကိုယ်ရော အေးချမ်းစေမယ့် နည်းလမ်းမျိုးနဲ့ အနားပေးပါ။ပြီးခဲ့တဲ့ Relationship မှာဘာတွေမှားခဲ့လဲ ဆိုတာလေ့လာပါ။

တကယ်လို့ ကိုယ်တွဲနေတဲ့ လူအကြောင်း ကိုယ်နောက်ကျမှ သိလိုက်ရလို့ ပြသနာဖြစ်ခဲ့တာဆိုရင် နောက်တစ်ယောက်နဲ့ တွဲဖို့ဖြစ်လာတဲ့အခါ နောက်ကြောင်းကို သေချာအောင်အရင်စုံစမ်းတာ မျိုးလုပ်ပါ။

ကိုယ့်ချစ်သူက ကိုယ့်အပေါ်အရမ်း ဇီဇာကြောင်လို့ .. ကိုယ့်အပေါ်ချုပ်ချယ်လို့ လမ်းခွဲရတာဆိုရင် နောက်တစ်ခါ ကိုယ်သဘောကျတဲ့သူက flexible ဖြစ်မဖြစ် သေချာလေ့လာပါ။

ကိုယ့်ဘက်က ပြင်သင့်တဲ့ အချက်တွေကိုလည်းပြင်ပါ။

မိန်းကလေးတွေတင် မဟုတ်ဘဲ ယောက်ျားလေးတွေလည်း ကိုယ့်ဘက်က မနစ်နာဘူးဆိုတဲ့ အတွေးမျိုးလုံး၀ မတွေးပါနဲ့။ယောက်ျားလေးတွေမှာလည်း စောင့်ထိန်းရမယ့် ဂုဏ်သိက္ခာရှိသလို .. အတိတ်ဆိုးတွေကလည်း တချိန်ကျရင် ခြောက်လှန့် လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ကိုယ့်ဆီကို Right Time ကျရင် ရောက်လာမယ့် Mr.Right တို့ Ms.Right တို့ကို စိတ်ရှည်ရှည်နဲ့ သိက္ခာရှိရှိစောင့်ဆိုင်းကြပါလို့…

Credit - santhitsa

Post a Comment

0 Comments