လိုတာထက္ပိုစားရင္ ..ဓါတ္လုိက္ေစမယ့္ …လွ်ပ္စစ္လက္ဝတ္ကို အေမဇံုမွာ ေရာင္းခ်


တကယ္ လုိ႔ ေျပာခ်င္လြန္းလို႔ တုိ႔သာ ကိုယ္အေလးခ်ိန္က်ခ်င္တာ၊ ဒါမွမဟုတ္ ေခၽြတာခ်င္တာဆုိရင္ေတာ့ အခုအသစ္ထြက္လာတဲ့ လွ်ပ္စစ္ Bracelet ေလးဟာ အေျဖပါပဲ။

Amazon ကုမၸဏီဟာ Pavlok Bracelet လို႔ေခၚတဲ့ ဂတ္ဂ်က္အသစ္ေလးကို စတင္ေရာင္းခ်ေနၿပီျဖစ္ၿပီး သူ႕ရဲ႕လုပ္ငန္းက သုံးစြဲသူဟာ အက်င့္ဆုိးတစ္ခုကို လုပ္ေနၿပီဆုိတာနဲ႔ လွ်ပ္စစ္ဓါတ္လႊတ္ၿပီး သတိေပးမွာျဖစ္ပါတယ္။

ဒါေ ၾကာင့္ အင္တာနက္အသုံးမ်ားေနတာ၊ လက္သည္းကိုက္တတ္တာနဲ႔ အအိပ္လြန္တာ စတာေတြကိုလည္း အသုံးျပဳလို႔ရပါတယ္။

ကိုယ္ သတ္ မွတ္ ထားတဲ့အမူအက်င့္တစ္ခုကို လုပ္လုိက္ၿပီဆုိတာနဲ႔ ဒီလက္ပတ္ပစၥည္းေလးက ဗုိ႔အား ၃၅၀ ပါတဲ့ လွ်ပ္စီးလႈိင္းတစ္ခု လႊတ္ေပးလိုက္မွာပါ။


ဒါ့အျပင္ ကိုယ့္ကိုယ္ကိုယ္ အရမ္းညႇာတာတတ္သူေတြဆိုရင္လည္း သူငယ္ခ်င္းေတြ မိသားစုေတြက ဒီပစၥည္းေလးအတြက္ App ကို အင္တာနက္မွေဒါင္းလုပ္ဆြဲခ်ိတ္ဆက္ၿပီး ကိုယ္ မဟုတ္တာလုပ္တာနဲ႔ တစ္ခါတည္း ေရွာ့လွမ္း႐ိုက္လို႔ရေစပါတယ္။ လူသတ္မႈေတြ ျဖစ္ကုန္ေတာ့မွာပဲ။ ထုတ္လုပ္သူေတြရဲ႕အဆိုအရ Pavlok ဟာ လူသားေတြရဲ႕ဦးေႏွာက္ကို ဒါလုပ္ရင္ ဒီလိုခံစားရတယ္ဆိုတဲ့ နာက်င္တဲ့မွတ္ဉာဏ္တစ္ခု ႐ိုက္သြင္းေပးၿပီး ထပ္မံျပဳလုပ္ျခင္းကေန ေရွာင္ရွားေစတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ မေကာင္းတဲ့အက်င့္ကို မလုပ္ရင္ နာက်င္မႈကို မခံရေတာ့ဘူးဆိုတဲ့ အသိတစ္ခုေတာ့ ျဖစ္သြားေစၿပီး ႏွစ္ခုလုံးကို ရပ္တန႔္ခ်င္စိတ္ ျဖစ္ေပၚလာမွာပါ။


Pavlok လက္ဝတ္ေလးေတြကို Amazon ကတစ္ခုကိုေဒၚလာ ၁၉၉ နဲ႔ေရာင္းခ်ေပးၿပီး တစ္ခါအားျဖည့္ထားရင္ အႀကိမ္ ၁၅၀ ခံပါတယ္။ ဒီေတာ့ ကိုယ္ဘယ္ေလာက္လိမၼာသလဲ ဆိုတာေပၚမူတည္ၿပီး အားျပန္သြင္းရတဲံ အခ်ိန္ကြာသြားမွာပါ။

ဗို႔အား ၃၅၀ ဆိုတာ အရမ္းေတာ့မျပင္းထန္ပါဘူး။ လူ႔ခႏၶာကိုယ္မွာ အက္မိေနတဲ့အခ်ိန္ အရာဝတၳဳတစ္ခုကိုကိုင္မိလို႔ က်င္တက္သြားသေလာက္ပဲလို႔ ဆိုပါတယ္။

ဒီပစၥည္းေလးကို စမ္းသုံးတဲ့သူေတြရဲ႕ မွတ္ခ်က္ေတြကေတာ့ အေကာင္းအဆိုးေရာေႏွာေနပါတယ္။ ကိုယ့္ရဲ႕ထိန္းရခက္တဲ့ အမူအက်င့္ကို ဖ်က္ဖို႔ နည္းနည္းေလာက္ အသားအနာခံႏိုင္ပါ့မလား။

ခရက္ဒစ္ဂ်ပ္ေနာင္းျမန္မာႏ်ဴး


Unicode Version     


တကယ် လို့ ပြောချင်လွန်းလို့ တို့သာ ကိုယ်အလေးချိန်ကျချင်တာ၊ ဒါမှမဟုတ် ချွေတာချင်တာဆိုရင်တော့ အခုအသစ်ထွက်လာတဲ့ လျှပ်စစ် Bracelet လေးဟာ အဖြေပါပဲ။

Amazon ကုမ္ပဏီဟာ Pavlok Bracelet လို့ခေါ်တဲ့ ဂတ်ဂျက်အသစ်လေးကို စတင်ရောင်းချနေပြီဖြစ်ပြီး သူ့ရဲ့လုပ်ငန်းက သုံးစွဲသူဟာ အကျင့်ဆိုးတစ်ခုကို လုပ်နေပြီဆိုတာနဲ့ လျှပ်စစ်ဓါတ်လွှတ်ပြီး သတိပေးမှာဖြစ်ပါတယ်။

ဒါေ ကြာင့် အင်တာနက်အသုံးများနေတာ၊ လက်သည်းကိုက်တတ်တာနဲ့ အအိပ်လွန်တာ စတာတွေကိုလည်း အသုံးပြုလို့ရပါတယ်။

ကိုယ် သတ် မှတ် ထားတဲ့အမူအကျင့်တစ်ခုကို လုပ်လိုက်ပြီဆိုတာနဲ့ ဒီလက်ပတ်ပစ္စည်းလေးက ဗို့အား ၃၅၀ ပါတဲ့ လျှပ်စီးလှိုင်းတစ်ခု လွှတ်ပေးလိုက်မှာပါ။


ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် အရမ်းညှာတာတတ်သူတွေဆိုရင်လည်း သူငယ်ချင်းတွေ မိသားစုတွေက ဒီပစ္စည်းလေးအတွက် App ကို အင်တာနက်မှဒေါင်းလုပ်ဆွဲချိတ်ဆက်ပြီး ကိုယ် မဟုတ်တာလုပ်တာနဲ့ တစ်ခါတည်း ရှော့လှမ်းရိုက်လို့ရစေပါတယ်။ လူသတ်မှုတွေ ဖြစ်ကုန်တော့မှာပဲ။ ထုတ်လုပ်သူတွေရဲ့အဆိုအရ Pavlok ဟာ လူသားတွေရဲ့ဦးနှောက်ကို ဒါလုပ်ရင် ဒီလိုခံစားရတယ်ဆိုတဲ့ နာကျင်တဲ့မှတ်ဉာဏ်တစ်ခု ရိုက်သွင်းပေးပြီး ထပ်မံပြုလုပ်ခြင်းကနေ ရှောင်ရှားစေတယ်လို့ ဆိုပါတယ်။


ဒါကြောင့် မကောင်းတဲ့အကျင့်ကို မလုပ်ရင် နာကျင်မှုကို မခံရတော့ဘူးဆိုတဲ့ အသိတစ်ခုတော့ ဖြစ်သွားစေပြီး နှစ်ခုလုံးကို ရပ်တန့်ချင်စိတ် ဖြစ်ပေါ်လာမှာပါ။


Pavlok လက်ဝတ်လေးတွေကို Amazon ကတစ်ခုကိုဒေါ်လာ ၁၉၉ နဲ့ရောင်းချပေးပြီး တစ်ခါအားဖြည့်ထားရင် အကြိမ် ၁၅၀ ခံပါတယ်။ ဒီတော့ ကိုယ်ဘယ်လောက်လိမ္မာသလဲ ဆိုတာပေါ်မူတည်ပြီး အားပြန်သွင်းရတဲံ အချိန်ကွာသွားမှာပါ။

ဗို့အား ၃၅၀ ဆိုတာ အရမ်းတော့မပြင်းထန်ပါဘူး။ လူ့ခန္ဓာကိုယ်မှာ အက်မိနေတဲ့အချိန် အရာဝတ္ထုတစ်ခုကိုကိုင်မိလို့ ကျင်တက်သွားသလောက်ပဲလို့ ဆိုပါတယ်။

ဒီပစ္စည်းလေးကို စမ်းသုံးတဲ့သူတွေရဲ့ မှတ်ချက်တွေကတော့ အကောင်းအဆိုးရောနှောနေပါတယ်။ ကိုယ့်ရဲ့ထိန်းရခက်တဲ့ အမူအကျင့်ကို ဖျက်ဖို့ နည်းနည်းလောက် အသားအနာခံနိုင်ပါ့မလား။

ခရက်ဒစ်ဂျပ်နောင်းမြန်မာနျူ

Post a Comment

0 Comments