တကၠသိုလ္ ၁၆ ခုမွ ေက်ာင္းသားမ်ားအတြက္ မိုဘိုင္းဂိမ္း ၿပိဳင္ပြဲ က်င္းပမည္


ဇြန္လ ၂၇ ။ ။ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ တကၠသိုလ္ ၁၆ခုမွ ေက်ာင္းသား၊ေက်ာင္းသူမ်ား အတြက္ မိုဘိုင္း ဂိမ္း (Mobile Esports) ၿပိဳင္ပြဲ ျပဳလုပ္ရန္ သက္ဆိုင္ရာတကၠသိုလ္မ်ားမွ ေက်ာင္းသားသမဂၢ တာဝန္ ရွိသူမ်ားႏွင့္ ၿပိဳင္ပြဲျပဳလုပ္သည့္ Game Cast Network Myanmar တို႔ နားလည္မႈ လက္မွတ္ေရးထိုး ခဲ့ၾကသည္။

Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ၿပိဳင္ပြဲ က်င္းပေရးအတြက္ ဇြန္လ ၂၇ ရက္၊ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕ရွိ Melia Hotel တြင္ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္။

"တကၠသိုလ္ေတြမွာအားကစားေတြ သတ္မွတ္ေပးထားတာရွိပါတယ္။ ေဘာလုံးဆိုေဘာလုံး၊စစ္တုရင္ဆိုလည္းစစ္တုရင္၊ ျခင္းလုံးဆိုလည္းျခင္းလုံးအဲလိုအားကစားေတြထဲမွာဒါက ElectronicSportsပါ။Esportsကို ပဲအားကစားတစ္ခုအေနနဲ႔ ေက်ာင္းေတြက အသိအမွတ္ျပဳလာေစခ်င္ တယ္။ ေက်ာင္းေတြမွာလည္း သက္ဆိုင္တဲ့ ဒီ႐ြက္ပုန္းသီး ကစားသမားေတြ၊ တကၠသိုလ္ေတြကေန အရည္ အခ်င္း ရွိတဲ့လူငယ္ ကစားသမားေတြ ပိုၿပီးေတာ့ ေပၚထြက္လာေစခ်င္တယ္။ေနာက္တစ္ခုက ဒီ Mobile Esports နဲ႔ ပတ္သက္ၿပီးေတာ့ အမ်ားႀကီးက်ယ္ျပန႔္တိုးတက္လာတာေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ တကၠသိုလ္က လူငယ္ေတြကသူတို႔ရဲ႕အခြင့္အလမ္းေတြကို ရွာေဖြသြားႏိုင္မလားဆိုၿပီး အဲလို ရည္႐ြယ္ခ်က္ေလးနဲ႔ပါ " ဟု UMEC Yangon 2019 ၿပိဳင္ပြဲျပဳလုပ္သည့္ Game Cast Network Myanmar မွCo-Founder ဦးစိုးမိုးေအး က ေျပာသည္။

အဆိုပါၿပိဳင္ပြဲကိုYangonUniversity၊East YangonUniversity၊WestYangonUniversity၊Dagon University၊UniversityOfMedicine၊UniversityofMedicine2၊UniversityofDental MedicineYangon၊ Myanmar Maritime University ၊ Yangon Technological University ၊ Thanlyin Technological University ၊West Yangon Technological University ၊ Hmawbi Technological University ၊ University of Information Technology ၊ University of Computer Studies Yangon ၊ Yangon University OF Foreign Languages ႏွင့္ Yangon University Of Economics တို႔မွ ေက်ာင္းသား ေက်ာင္းသူမ်ားက ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု သိရသည္။

"ဝင္ေရာက္ယွဥ္ၿပိဳင္ျဖစ္တာ ကဒီကCoFounderျဖစ္တဲ့ကိုစိုးမိုးကတဆင့္ကြၽန္ေတာ္တို႔ေက်ာင္းကိုလာကမ္းလွမ္းတယ္။ ကြၽန္ေတာ္တို႔ေက်ာင္းမွာလည္းအရင္တုန္းထဲကESportsကိုအားကစားတစ္ခု အေနနဲ႔လူငယ္ေတြ ဘက္က ေက်ာင္းသားသမဂၢ ဘက္ကေနၿပီးေတာ့ ကူညီေပးခ်င္ပါတယ္။ ေက်ာင္းမွလည္း Club ကိုဖြင့္ထားပါတယ္။ E-Sports Club က ေက်ာင္းမွာ ဗုဒၶဟူး ေန႔တိုင္း E-Sports Club က လႈပ္ရားမႈေတြ ရွိပါတယ္။ဆိုေတာ့ သူတို႔လည္း လာၿပီးဖိတ္ေခၚတာနဲ႔ ကြၽန္ေတာ္တို႔ ေက်ာင္း က ေက်ာင္းသား၊ေက်ာင္းသူေတြ ပါဝင္ျဖစ္သြားေအာင္ ဒီပြဲမွာ ပါဝင္ျဖစ္တာပါ။ ေက်ာင္းသား သမဂၢအေနနဲ႔က E-Sports ကိုအားကစားအျဖစ္ႏိုင္ငံေတာ္က အျပည့္အဝ ေထာက္ပံ့ေပးတာကို လိုခ်င္ပါတယ္ " ဟု ရန္ကုန္ကြန္ပ်ဴတကၠသိုလ္မွ ေက်ာင္းသားသမဂၢ ဥကၠ႒ ကိုရန္ေနာင္ထြဋ္ ကေျပာသည္။

အဆိုပါ ၿပိဳင္ပြဲကို ဇူလိုင္လ ၁ ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး သက္ဆိုင္ရာ ေက်ာင္းမ်ားအလိုက္ စတင္ယွဥ္ၿပိဳင္ကစားသြားရမည္ ျဖစ္ေၾကာင္း ေက်ာင္း ၁၆ ေက်ာင္းမွ သက္ဆိုင္ရာ ကိုယ္စားျပဳ အသင္းမ်ားအေနျဖင့္ ၾသဂုတ္လ ၉ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ Yangon Convention Center တြင္ ေနာက္ဆုံးဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားရမည္ဟု သိရသည္။

Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ၿပိဳင္ပြဲ တြင္ မိုဘိုင္း ဂိမ္းအမ်ိဳးအစားျဖစ္သည့္ Mobile Legends : Bang Bang ၊ Player Unknown Battle Ground Mobile ၿပိဳင္ပြဲ ႏွစ္ခုကို အဓိယွဥ္ၿပိဳင္ရမည္ဟု သိရသည္။

Credit - Mizzima


Unicode Version       


ဇွန်လ ၂၇ ။ ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ် ၁၆ခုမှ ကျောင်းသား၊ကျောင်းသူများ အတွက် မိုဘိုင်း ဂိမ်း (Mobile Esports) ပြိုင်ပွဲ ပြုလုပ်ရန် သက်ဆိုင်ရာတက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂ တာဝန် ရှိသူများနှင့် ပြိုင်ပွဲပြုလုပ်သည့် Game Cast Network Myanmar တို့ နားလည်မှု လက်မှတ်ရေးထိုး ခဲ့ကြသည်။

Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ပြိုင်ပွဲ ကျင်းပရေးအတွက် ဇွန်လ ၂၇ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Melia Hotel တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"တက္ကသိုလ်တွေမှာအားကစားတွေ သတ်မှတ်ပေးထားတာရှိပါတယ်။ ဘောလုံးဆိုဘောလုံး၊စစ်တုရင်ဆိုလည်းစစ်တုရင်၊ ခြင်းလုံးဆိုလည်းခြင်းလုံးအဲလိုအားကစားတွေထဲမှာဒါက ElectronicSportsပါ။Esportsကို ပဲအားကစားတစ်ခုအနေနဲ့ ကျောင်းတွေက အသိအမှတ်ပြုလာစေချင် တယ်။ ကျောင်းတွေမှာလည်း သက်ဆိုင်တဲ့ ဒီရွက်ပုန်းသီး ကစားသမားတွေ၊ တက္ကသိုလ်တွေကနေ အရည် အချင်း ရှိတဲ့လူငယ် ကစားသမားတွေ ပိုပြီးတော့ ပေါ်ထွက်လာစေချင်တယ်။နောက်တစ်ခုက ဒီ Mobile Esports နဲ့ ပတ်သက်ပြီးတော့ အများကြီးကျယ်ပြန့်တိုးတက်လာတာကြောင့် ကျွန်တော်တို့ရဲ့ တက္ကသိုလ်က လူငယ်တွေကသူတို့ရဲ့အခွင့်အလမ်းတွေကို ရှာဖွေသွားနိုင်မလားဆိုပြီး အဲလို ရည်ရွယ်ချက်လေးနဲ့ပါ " ဟု UMEC Yangon 2019 ပြိုင်ပွဲပြုလုပ်သည့် Game Cast Network Myanmar မှCo-Founder ဦးစိုးမိုးအေး က ပြောသည်။

အဆိုပါပြိုင်ပွဲကိုYangonUniversity၊East YangonUniversity၊WestYangonUniversity၊Dagon University၊UniversityOfMedicine၊UniversityofMedicine2၊UniversityofDental MedicineYangon၊ Myanmar Maritime University ၊ Yangon Technological University ၊ Thanlyin Technological University ၊West Yangon Technological University ၊ Hmawbi Technological University ၊ University of Information Technology ၊ University of Computer Studies Yangon ၊ Yangon University OF Foreign Languages နှင့် Yangon University Of Economics တို့မှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

"ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ ကဒီကCoFounderဖြစ်တဲ့ကိုစိုးမိုးကတဆင့်ကျွန်တော်တို့ကျောင်းကိုလာကမ်းလှမ်းတယ်။ ကျွန်တော်တို့ကျောင်းမှာလည်းအရင်တုန်းထဲကESportsကိုအားကစားတစ်ခု အနေနဲ့လူငယ်တွေ ဘက်က ကျောင်းသားသမဂ္ဂ ဘက်ကနေပြီးတော့ ကူညီပေးချင်ပါတယ်။ ကျောင်းမှလည်း Club ကိုဖွင့်ထားပါတယ်။ E-Sports Club က ကျောင်းမှာ ဗုဒ္ဓဟူး နေ့တိုင်း E-Sports Club က လှုပ်ရားမှုတွေ ရှိပါတယ်။ဆိုတော့ သူတို့လည်း လာပြီးဖိတ်ခေါ်တာနဲ့ ကျွန်တော်တို့ ကျောင်း က ကျောင်းသား၊ကျောင်းသူတွေ ပါဝင်ဖြစ်သွားအောင် ဒီပွဲမှာ ပါဝင်ဖြစ်တာပါ။ ကျောင်းသား သမဂ္ဂအနေနဲ့က E-Sports ကိုအားကစားအဖြစ်နိုင်ငံတော်က အပြည့်အဝ ထောက်ပံ့ပေးတာကို လိုချင်ပါတယ် " ဟု ရန်ကုန်ကွန်ပျူတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုရန်နောင်ထွဋ် ကပြောသည်။

အဆိုပါ ပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ကြောင်း ကျောင်း ၁၆ ကျောင်းမှ သက်ဆိုင်ရာ ကိုယ်စားပြု အသင်းများအနေဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center တွင် နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမည်ဟု သိရသည်။

Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ပြိုင်ပွဲ တွင် မိုဘိုင်း ဂိမ်းအမျိုးအစားဖြစ်သည့် Mobile Legends : Bang Bang ၊ Player Unknown Battle Ground Mobile ပြိုင်ပွဲ နှစ်ခုကို အဓိယှဉ်ပြိုင်ရမည်ဟု သိရသည်။

Credit - Mizzima

Post a Comment

0 Comments