“ကမာၻ႔အသက္အရွည္ဆုံး ဖြားဖြားရဲ႕ ဘဝေပ်ာ္႐ြင္မႈႏွင့္ သက္ရွည္က်န္းမာျခင္း၏ လႈိ႕ဝွက္ခ်က္”


၂၀၁၉ခုႏွစ္၊ မတ္လ ၉ရက္ေန႔က ဂ်ပန္ႏိုင္ငံ၊ ဖုခုအိုကၿမိဳ႕မွာေနထိုင္တဲ့ အသက္ ၁၁၆ႏွစ္အ႐ြယ္ အဖြား Kane Tanaka ကို ကမာၻ႔အသက္အႀကီးဆုံး ပုဂၢိလ္အျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ခဲ့ပါတယ္။ သူမမွာ မ်က္စိအတြင္းတိမ္နဲ႔ အူမကင္ဆာ ကဲ့သို႔ေသာ က်န္းမာေရးနဲ႔ပတ္သတ္တဲ့ ျပႆနာေတြ ရွိေပမယ့္လည္း Kane ဟာ သူမဘဝရဲ႕ ေန႔ရက္တိုင္းကို ေပ်ာ္႐ြင္စြာနဲ႔ ျဖတ္သန္းေနတာျဖစ္ပါတယ္။ အဖြား Kane Tanaka ဟာ ဘာ့ေၾကာင့္ အခုထိ အသက္ရွည္ရွည္ ေနရသလဲဆိုတဲ့ လႈိ႕ဝွက္ခ်က္ေလးေတြနဲ႔ သူမျဖတ္သန္းခဲ့ရတဲ့ ဘဝအေတြ႕အႀကဳံကို အင္တာဗ်ဴးေတြမွာ မွ်ေဝေပးခဲ့ပါတယ္။


အဖြား Kane Tanaka ဟာ Wright ညီေနာင္ႏွစ္ေယာက္ရဲ႕ စက္တပ္ေလယာဥ္ပ်ံ တီထြင္မႈ ေအာင္ျမင္ေသာ ႏွစ္ျဖစ္တဲ့ ၁၉၀၃ခုႏွစ္၊ ဇန္နဝါရီလ၊ ၃ရက္ေန႔မွာ ေမြးဖြားခဲ့တာပါ။ သူမရဲ႕မိဘေတြကေတာ့ Kumakichi နဲ႔ Kuma Ota တို႔ပဲျဖစ္ပါတယ္။ သူမဟာ မိသားစုထဲမွာ ၇ေယာက္ေျမာက္ကေလးျဖစ္ပါတယ္။ သူမဟာ အသက္၁၉ႏွစ္မွာ မဂၤလာပြဲေန႔က်မွ ပထမဆုံးျမင္ဖူးတဲ့ Hideo Tanaka ဆိုသူႏွင့္ လက္ထပ္ခဲ့ပါတယ္။


သူမမွာ ကေလး ၅ေယာက္ရွိခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူ Hideo မွာ ေကာက္ညႇင္းထမင္း၊ ဂ်ပန္႐ိုးရာခ်ိဳခ်ဥ္မ်ားနဲ႔ အူဒုံ ေခါက္ဆြဲ ထုတ္လုပ္ေရာင္းခ်တဲ့ မိသားစုစီးပြားေရးလုပ္ငန္း ရွိခဲ့ပါတယ္။ ၁၉၃၇မွာ ခင္ပြန္းျဖစ္သူ Hideo ဟာစစ္မႈထမ္းရတာေၾကာင့္ Kane ဟာ ဆန္အေခ်ာသတ္ျခင္း၊ ဆန္ကိတ္ျပဳလုပ္ျခင္းျဖင့္ မိသားစုစီးပြားေရးလုပ္ငန္းမ်ားမွာ လုပ္ကိုင္ခဲ့ပါတယ္။ သူမဟာ ကေလးေတြကိုလည္း ျပဳစုပ်ိဳးေထာင္ၿပီး Hideoရဲ႕အေမကိုလည္း ၾကည့္ရႈ႕ေစာင့္ေရွာက္ရပါတယ္။ Kane ရဲ႕သားႀကီးျဖစ္သူ Nobuo ဟာ ၁၉၄၃ မွာ စစ္မႈထမ္းဖို႔အတြက္ သုံ႔ပန္းအျဖစ္ေခၚခံရၿပီး ဒုတိယကမာၻစစ္ၿပီးေနာက္ ၁၉၄၇ခုႏွစ္မွာ အိမ္ကို ျပန္ေရာက္လာခဲ့ပါတယ္။ Kane ဟာ အသက္ ၆၃ႏွစ္မွာ အၿငိမ္းစားယူခဲ့တဲ့အထိ မိသားစုစတိုးမွာ အလုပ္လုပ္ေနခဲ့ပါတယ္။


Kane Tanaka ရဲ႕ ဘဝေပ်ာ္႐ြင္မႈနဲ႔ အသက္ရွည္ျခင္းရဲ႕လႈိ႕ဝွက္ခ်က္က ဘာေတြျဖစ္မလဲ?….သူမကို အင္တာဗ်ဴးစဥ္က ေျပာျပခဲ့တဲ့ လက္ေတြ႕က်ေသာ အႀကံေပးခ်က္ အနည္းငယ္ရွိပါတယ္။အိပ္ရာက မနက္ေစာေစာထပါတယ္။ Kane ဟာ ပုံမွန္အားျဖင့္ မနက္ ၆နာရီမွာ အိပ္ရာထေလ့ရွိၿပီး သူမရဲ႕တစ္ေန႔တာကို စတင္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

ဦးေႏွာက္ကို ဖြံ႕ၿဖိဳးတိုးတတ္ေအာင္လုပ္ပါတယ္။ ဒီဖြားဖြားရဲ႕ အႀကိဳက္ဆုံး pastime ကေတာ့ စာဖတ္ျခင္းနဲ႔ သခ်ၤာေလ့လာျခင္း ျဖစ္ပါတယ္။…..တတ္ႂကြစြာေနၿပီး လူတိုင္းနဲ႔ ေျပာဆိုဆက္ဆံပါ။ Kane ဟာ က်ားကြက္ေ႐ြ႕တာ၊ ခ်က္ထိုးတာစတဲ့ ကစားနည္း ေတြမွာ ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္ခဲ့ၿပီး သူမယခုေနတဲ့ အပန္းေျဖအိမ္မွာ ဝန္ထမ္းေတြနဲ႔ ကစားရတာကို ႏွစ္သက္တယ္လို႔ ဆိုပါတယ္။ သူမအႀကိဳက္ဆုံး ဂိမ္းကေတာ့ က်ားကြက္ေ႐ႊ႕ကစားနည္း ျဖစ္ပါတယ္။

ေခ်ာကလက္ေတြမ်ားမ်ားစားၿပီး ေကာ္ဖီအမ်ားႀကီးေသာက္ပါတယ္။ ဒါက သူမလုပ္ခဲ့တဲ့အရာေတြပါပဲ။ ဂင္းနစ္ကမာၻ႔စံခ်ိန္အခမ္းအနားမွာ kane ကို ေခ်ာကလက္တစ္ဘူး ေပးခဲ့ပါတယ္။ သူမဟာ ခ်က္ခ်င္းဖြင့္ၿပီး စားခဲ့ပါတယ္။ သူမကို ဒီေန႔ ေခ်ာကလက္ ဘယ္ေလာက္မ်ားမ်ား စားခ်င္သလဲလို႔ေမးတဲ့အခါ သူမက ၁၀၀လို႔ ျပန္ေျပာခဲ့ပါတယ္။


ဒီအဖြားရဲ႕ သက္ရွည္ က်န္းမာၿပီး ေပ်ာ္႐ြင္မႈက မိသားစုဂုဏ္ယူစရာျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ သူမရဲ႕ အေရးအပါဆုံးလႈိ႕ဝွက္ခ်က္က “ဘာကိစၥပဲျဖစ္ျဖစ္ ေမွ်ာ္လင့္ခ်က္ မဆုံးရႈံးဖိုနဲ႔ စိတ္ဓါတ္ႀကံ့ခိုင္ဖို႔ပါပဲ”။အဖြားဟာ ၂၀၁၈ခုႏွစ္ အင္တာဗ်ဴးမွာ သူမက အသက္ ၁၂၀ထိ ေနသြားခ်င္တယ္လို႔ ဆိုပါတယ္။

အဖြား Kane ဂင္းနစ္စံခ်ိန္မဝင္ခင္က ကမာၻ႔အသက္အႀကီးဆုံး ပုဂၢိဳလ္ေတြ ရွိခဲ့ပါတယ္။ ျပင္သစ္လူမ်ိဳး Jeanne Louise Calment ဟာ ၁၈၇၅ မွာေမြးဖြားခဲ့ၿပီး ၁၉၉၇ခုႏွစ္ ၾသဂုလ္လ ၄ရက္ေန႔မွာ အသက္ ၁၂၂ႏွစ္ ၁၆၇ရက္ျဖင့္ ကြယ္လြန္ခဲ့ပါတယ္။ ကမာၻ႔အသက္အရွည္ဆုံးအမ်ိဳးသားစာရင္းထဲမွာ ဂ်ပန္အမ်ိဳးသားတစ္ဦးျဖစ္တဲ့ Masazo Nanaka ဟာ အသက္ ၁၁၃ႏွစ္ ၁၇၉ရက္မွာ ကြယ္လြန္ခဲ့ပါတယ္။ သူကြယ္လြန္တာကေတာ့ ၂၀၁၉ ဇန္နဝါရီလ ၂၀ျဖစ္ပါတယ္။ ေနာက္ထပ္ကမာၻ႔အသက္အရွည္ဆုံးအမ်ိဳးသားကေတာ့ ၁၈၉၇ ဧၿပီ ၁၉မွာ ေမြးဖြားခဲ့ၿပီး ၂၀၁၃ ဇြန္လ ၁၂ရက္ေန႔မွာ ကြယ္လြန္ခဲ့တဲ့ အသက္ ၁၁၆ႏွစ္ ၅၄ရက္ရွိတဲ့ ဂ်ပန္အမ်ိဳးသား Jiroemon Kimura ျဖစ္ပါတယ္။

Credit: Lifestyle_Myanmar ( LM_Nandar )
Source-brightside


Unicode Version    


၂၀၁၉ခုနှစ်၊ မတ်လ ၉ရက်နေ့က ဂျပန်နိုင်ငံ၊ ဖုခုအိုကမြို့မှာနေထိုင်တဲ့ အသက် ၁၁၆နှစ်အရွယ် အဖွား Kane Tanaka ကို ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိလ်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ သူမမှာ မျက်စိအတွင်းတိမ်နဲ့ အူမကင်ဆာ ကဲ့သို့သော ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေ ရှိပေမယ့်လည်း Kane ဟာ သူမဘဝရဲ့ နေ့ရက်တိုင်းကို ပျော်ရွင်စွာနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။ အဖွား Kane Tanaka ဟာ ဘာ့ကြောင့် အခုထိ အသက်ရှည်ရှည် နေရသလဲဆိုတဲ့ လှို့ဝှက်ချက်လေးတွေနဲ့ သူမဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံကို အင်တာဗျူးတွေမှာ မျှဝေပေးခဲ့ပါတယ်။


အဖွား Kane Tanaka ဟာ Wright ညီနောင်နှစ်ယောက်ရဲ့ စက်တပ်လေယာဉ်ပျံ တီထွင်မှု အောင်မြင်သော နှစ်ဖြစ်တဲ့ ၁၉၀၃ခုနှစ်၊ ဇန်နဝါရီလ၊ ၃ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူမရဲ့မိဘတွေကတော့ Kumakichi နဲ့ Kuma Ota တို့ပဲဖြစ်ပါတယ်။ သူမဟာ မိသားစုထဲမှာ ၇ယောက်မြောက်ကလေးဖြစ်ပါတယ်။ သူမဟာ အသက်၁၉နှစ်မှာ မင်္ဂလာပွဲနေ့ကျမှ ပထမဆုံးမြင်ဖူးတဲ့ Hideo Tanaka ဆိုသူနှင့် လက်ထပ်ခဲ့ပါတယ်။


သူမမှာ ကလေး ၅ယောက်ရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ Hideo မှာ ကောက်ညှင်းထမင်း၊ ဂျပန်ရိုးရာချိုချဉ်များနဲ့ အူဒုံ ခေါက်ဆွဲ ထုတ်လုပ်ရောင်းချတဲ့ မိသားစုစီးပွားရေးလုပ်ငန်း ရှိခဲ့ပါတယ်။ ၁၉၃၇မှာ ခင်ပွန်းဖြစ်သူ Hideo ဟာစစ်မှုထမ်းရတာကြောင့် Kane ဟာ ဆန်အချောသတ်ခြင်း၊ ဆန်ကိတ်ပြုလုပ်ခြင်းဖြင့် မိသားစုစီးပွားရေးလုပ်ငန်းများမှာ လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ ကလေးတွေကိုလည်း ပြုစုပျိုးထောင်ပြီး Hideoရဲ့အမေကိုလည်း ကြည့်ရှု့စောင့်ရှောက်ရပါတယ်။ Kane ရဲ့သားကြီးဖြစ်သူ Nobuo ဟာ ၁၉၄၃ မှာ စစ်မှုထမ်းဖို့အတွက် သုံ့ပန်းအဖြစ်ခေါ်ခံရပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၇ခုနှစ်မှာ အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ Kane ဟာ အသက် ၆၃နှစ်မှာ အငြိမ်းစားယူခဲ့တဲ့အထိ မိသားစုစတိုးမှာ အလုပ်လုပ်နေခဲ့ပါတယ်။

Kane Tanaka ရဲ့ ဘဝပျော်ရွင်မှုနဲ့ အသက်ရှည်ခြင်းရဲ့လှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ?….သူမကို အင်တာဗျူးစဉ်က ပြောပြခဲ့တဲ့ လက်တွေ့ကျသော အကြံပေးချက် အနည်းငယ်ရှိပါတယ်။အိပ်ရာက မနက်စောစောထပါတယ်။ Kane ဟာ ပုံမှန်အားဖြင့် မနက် ၆နာရီမှာ အိပ်ရာထလေ့ရှိပြီး သူမရဲ့တစ်နေ့တာကို စတင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။


ဦးနှောက်ကို ဖွံ့ဖြိုးတိုးတတ်အောင်လုပ်ပါတယ်။ ဒီဖွားဖွားရဲ့ အကြိုက်ဆုံး pastime ကတော့ စာဖတ်ခြင်းနဲ့ သင်္ချာလေ့လာခြင်း ဖြစ်ပါတယ်။…..တတ်ကြွစွာနေပြီး လူတိုင်းနဲ့ ပြောဆိုဆက်ဆံပါ။ Kane ဟာ ကျားကွက်ရွေ့တာ၊ ချက်ထိုးတာစတဲ့ ကစားနည်း တွေမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူမယခုနေတဲ့ အပန်းဖြေအိမ်မှာ ဝန်ထမ်းတွေနဲ့ ကစားရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။ သူမအကြိုက်ဆုံး ဂိမ်းကတော့ ကျားကွက်ရွှေ့ကစားနည်း ဖြစ်ပါတယ်။

ချောကလက်တွေများများစားပြီး ကော်ဖီအများကြီးသောက်ပါတယ်။ ဒါက သူမလုပ်ခဲ့တဲ့အရာတွေပါပဲ။ ဂင်းနစ်ကမ္ဘာ့စံချိန်အခမ်းအနားမှာ kane ကို ချောကလက်တစ်ဘူး ပေးခဲ့ပါတယ်။ သူမဟာ ချက်ချင်းဖွင့်ပြီး စားခဲ့ပါတယ်။ သူမကို ဒီနေ့ ချောကလက် ဘယ်လောက်များများ စားချင်သလဲလို့မေးတဲ့အခါ သူမက ၁၀၀လို့ ပြန်ပြောခဲ့ပါတယ်။


ဒီအဖွားရဲ့ သက်ရှည် ကျန်းမာပြီး ပျော်ရွင်မှုက မိသားစုဂုဏ်ယူစရာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ အရေးအပါဆုံးလှို့ဝှက်ချက်က “ဘာကိစ္စပဲဖြစ်ဖြစ် မျှော်လင့်ချက် မဆုံးရှုံးဖိုနဲ့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ပါပဲ”။အဖွားဟာ ၂၀၁၈ခုနှစ် အင်တာဗျူးမှာ သူမက အသက် ၁၂၀ထိ နေသွားချင်တယ်လို့ ဆိုပါတယ်။

အဖွား Kane ဂင်းနစ်စံချိန်မဝင်ခင်က ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တွေ ရှိခဲ့ပါတယ်။ ပြင်သစ်လူမျိုး Jeanne Louise Calment ဟာ ၁၈၇၅ မှာမွေးဖွားခဲ့ပြီး ၁၉၉၇ခုနှစ် သြဂုလ်လ ၄ရက်နေ့မှာ အသက် ၁၂၂နှစ် ၁၆၇ရက်ဖြင့် ကွယ်လွန်ခဲ့ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသားစာရင်းထဲမှာ ဂျပန်အမျိုးသားတစ်ဦးဖြစ်တဲ့ Masazo Nanaka ဟာ အသက် ၁၁၃နှစ် ၁၇၉ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်တာကတော့ ၂၀၁၉ ဇန်နဝါရီလ ၂၀ဖြစ်ပါတယ်။ နောက်ထပ်ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသားကတော့ ၁၈၉၇ ဧပြီ ၁၉မှာ မွေးဖွားခဲ့ပြီး ၂၀၁၃ ဇွန်လ ၁၂ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အသက် ၁၁၆နှစ် ၅၄ရက်ရှိတဲ့ ဂျပန်အမျိုးသား Jiroemon Kimura ဖြစ်ပါတယ်။

Credit: Lifestyle_Myanmar ( LM_Nandar )
Source-brightside

Post a Comment

0 Comments