“အစားေပးတဲ့ box ေလးကို အဆိပ္ေကြၽးတဲ့ box ျဖစ္ေအာင္ မလုပ္ၾကပါနဲ႔”


အခုတေလာ ျမန္မာျပည္မွာfood box ကေလးေတြ လုေဆာက္ေနတာ ေတြ႔ရလို႔အလြန္အမင္း ေက်နပ္ဂုဏ္ယူေနမိတယ္။

စားေစခ်င္သူက လႉတယ္။ စားလိုသူက ယူတယ္။ လႉသူၾကည္ျဖဴရင္ စားႏိုင္တာထက္ ဘယ္ေလာက္ပိုယူယူ တစ္ခုမွ စြန္႔ပစ္မွာ မဟုတ္လို႔ ၿငိဳျငင္စရာ မ႐ွိပါဘူး။

ၿငိဳျငင္ေနတာက အခမဲ့ ကင္မရာမန္းေတြပါ။ထမင္းမစားဘဲ ထိုင္ေစာင့္ၿပီး စားသံုးသူကို အ႐ွက္ခြဲေနသလား ခံစားမိတယ္။

လာယူၾကသူေတြဟာ လူငယ္လူရြယ္ေတြနည္းတယ္။ၾကည့္လိုက္ရင္ ကေလးမိခင္ေတြသာ မ်ားတယ္။ငါ စားဖို႔ဆိုၿပီး ယူသြားတဲ့ ကေလးမိဘ တစ္ေယာက္မွ မပါဘူး။သူ႔မွာလည္း သူ႔ပတ္ဝန္းက်င္ သူ႔အသိုင္းအဝိုင္းနဲ႔မို႔ ဓာတ္ပံု႐ိုက္ၿပီး လိုင္းေပၚတင္တာ အ႐ွက္ခြဲတာပါပဲ။

ဖရဲသီးသည္ ဒုကၡိတေလးတုန္းကလို အ႐ွက္ရၿပီး သတ္ေသသြားရင္ မခက္ဘူးလား။အစားေပးတဲ့ box ေလးကို အဆိပ္ေကြၽးတဲ့ box ျဖစ္ေအာင္အကုသိုလ္ေတြ လုမထည့္ၾကပါနဲ႔။

ကုသိုလ္ျဖစ္ box ေလးမို႔ ကုသိုလ္ေတြပဲ စုေနပါေစ။

Credit - အ႐ွင္ေတဇ ပုလဲ


Unicode  Version    


အခုတလော မြန်မာပြည်မှာfood box ကလေးတွေ လုဆောက်နေတာ တွေ့ရလို့အလွန်အမင်း ကျေနပ်ဂုဏ်ယူနေမိတယ်။

စားစေချင်သူက လှူတယ်။ စားလိုသူက ယူတယ်။ လှူသူကြည်ဖြူရင် စားနိုင်တာထက် ဘယ်လောက်ပိုယူယူ တစ်ခုမှ စွန့်ပစ်မှာ မဟုတ်လို့ ငြိုငြင်စရာ မရှိပါဘူး။

ငြိုငြင်နေတာက အခမဲ့ ကင်မရာမန်းတွေပါ။ထမင်းမစားဘဲ ထိုင်စောင့်ပြီး စားသုံးသူကို အရှက်ခွဲနေသလား ခံစားမိတယ်။

လာယူကြသူတွေဟာ လူငယ်လူရွယ်တွေနည်းတယ်။ကြည့်လိုက်ရင် ကလေးမိခင်တွေသာ များတယ်။ငါ စားဖို့ဆိုပြီး ယူသွားတဲ့ ကလေးမိဘ တစ်ယောက်မှ မပါဘူး။သူ့မှာလည်း သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းနဲ့မို့ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်တာ အရှက်ခွဲတာပါပဲ။

ဖရဲသီးသည် ဒုက္ခိတလေးတုန်းကလို အရှက်ရပြီး သတ်သေသွားရင် မခက်ဘူးလား။အစားပေးတဲ့ box လေးကို အဆိပ်ကျွေးတဲ့ box ဖြစ်အောင်အကုသိုလ်တွေ လုမထည့်ကြပါနဲ့။

ကုသိုလ်ဖြစ် box လေးမို့ ကုသိုလ်တွေပဲ စုနေပါစေ။

Credit - အရှင်တေဇ ပုလဲ

Post a Comment

0 Comments