ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕ေရာက္ရွိခဲ့တဲ့ ပထမဆုံး အိႏၵိယကစားသမား


ၾသစေတးလ် ေအလိဂ္အသင္းျဖစ္တဲ့ ဝယ္လင္တန္အသင္းရဲ႕ကြင္းလယ္တိုက္စစ္ကစားသမား ဆာပရိဆင္းဟာ လာမယ့္ရာသီမွာ ဘိုင္ယန္ျမဴးနစ္ဒုတိယအသင္းအတြက္ ကစားေပးမွာျဖစ္ၿပီး ဘိုင္ယန္နဲ႔ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တယ္လို႔ Goal က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆာပရိဆင္းကို နယူးဇီလန္ႏိုင္ငံ၊ ေအာက္ကလန္ၿမိဳ႕မွာ အိႏၵိယႏိုင္ငံသား မိဘႏွစ္ဦးကေန ေမြးဖြားခဲ့တာျဖစ္ၿပီး နယူးဇီလန္ လက္ေ႐ြးစင္အသင္းအတြက္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ ပြဲထြက္ကစားခြင့္ရရွိခဲ့သူ ျဖစ္ပါတယ္။

ဆာပရိဆင္းဟာ ကနဦးမွာေတာ့ ဘိုင္ယန္ျမဴးနစ္ ဒုတိယအသင္းအတြက္သာ ကစားေပးရမွာျဖစ္ေပမယ့္ ၎ရဲ႕ေျခစြမ္းတိုးတက္မႈအေပၚမူတည္ၿပီး ပထမအသင္းကို အေႏွးနဲ႔အျမန္ တက္ေရာက္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။


ၿပီးခဲ့တဲ့ရာသီက ဆာပရိဆင္းဟာ ဝယ္လင္တန္ဖီးနစ္အသင္းအတြက္ ၂၆ ပြဲ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဥေရာပမွာ ၎ရဲ႕ေျခစြမ္းကို သက္ေသျပသႏိုင္မယ့္အခြင့္အေရး ရရွိလာခဲ့ၿပီျဖစ္ပါတယ္။

ဆာပရိဆင္းဟာ ဝယ္လန္တန္ဖီးနစ္အသင္းအတြက္ ပြဲေပါင္း ၄၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္အေစာပိုင္းကမွ ပထမအသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ပါတယ္။

ဝယ္လင္တန္ဖီးနစ္အသင္းဟာ ဆာပရိဆင္းအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းေပးေခ်ခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို မေဖာ္ျပခဲ့ေပမယ့္ နယူးဇီလန္ေဘာလုံးသမားတစ္ဦးအေနနဲ႔ အႀကီးမားဆုံးအေျပာင္းအေ႐ႊ႕ျဖစ္ေၾကာင္း အျငင္းပြားစရာမလိုတဲ့ ပမာဏျဖစ္တယ္လို႔ ေျပာၾကားခဲ့တယ္လို႔ Goal ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

Credit - Duwun



Unicode Version    


သြစတေးလျ အေလိဂ်အသင်းဖြစ်တဲ့ ဝယ်လင်တန်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဆာပရိဆင်းဟာ လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်ဒုတိယအသင်းအတွက် ကစားပေးမှာဖြစ်ပြီး ဘိုင်ယန်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဆာပရိဆင်းကို နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့မှာ အိန္ဒိယနိုင်ငံသား မိဘနှစ်ဦးကနေ မွေးဖွားခဲ့တာဖြစ်ပြီး နယူးဇီလန် လက်ရွေးစင်အသင်းအတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။

ဆာပရိဆင်းဟာ ကနဦးမှာတော့ ဘိုင်ယန်မြူးနစ် ဒုတိယအသင်းအတွက်သာ ကစားပေးရမှာဖြစ်ပေမယ့် ၎င်းရဲ့ခြေစွမ်းတိုးတက်မှုအပေါ်မူတည်ပြီး ပထမအသင်းကို အနှေးနဲ့အမြန် တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ရာသီက ဆာပရိဆင်းဟာ ဝယ်လင်တန်ဖီးနစ်အသင်းအတွက် ၂၆ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဥရောပမှာ ၎င်းရဲ့ခြေစွမ်းကို သက်သေပြသနိုင်မယ့်အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်ပါတယ်။

ဆာပရိဆင်းဟာ ဝယ်လန်တန်ဖီးနစ်အသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းကမှ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

ဝယ်လင်တန်ဖီးနစ်အသင်းဟာ ဆာပရိဆင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးကို မဖော်ပြခဲ့ပေမယ့် နယူးဇီလန်ဘောလုံးသမားတစ်ဦးအနေနဲ့ အကြီးမားဆုံးအပြောင်းအရွှေ့ဖြစ်ကြောင်း အငြင်းပွားစရာမလိုတဲ့ ပမာဏဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Credit - Duwun

Post a Comment

0 Comments