အလြန္အေရးၾကီးလို႔ ကေမာၻဇဘဏ္က တရားဝင္ထုတ္ျပန္ေၾကျငာလိုက္ေသာ သတိေပးစာ


အားလံုးစိုးရိမ္ခဲ့တဲ့အရာေရာက္လာပါၿပီ။ ျမန္မာနိုင္ငံရွိဘဏ္အသံုးျပဳသူေတြရဲ႕ အေကာင့္ေတြဟာ Cracker နဲ႔ Hacker ေတြရဲ႕ ပစ္မွတ္ျဖစ္လာပါၿပီ မၾကာမီရက္ပိုင္း ႏွင့္လပိုင္းေလာက္က ျမန္မာႏိုင္ငံ ဘဏ္တစ္ခ်ိဳ႕႐ွိ ဘဏ္အသံုးျပဳ သူအေကာင့္မ်ားကုိ ဟက္ကာမ်ားမွ Phishing ႏွင့္ တစ္ျခားေသာ နည္းလမ္းေပါင္းစံုနဲ႔တိုက္ခိုက္လာၾကၿပီး ဘဏ္ထဲမွ ေငြေၾကးမ်ားထုတ္ယူမႈမ်ားျဖစ္ေပၚေနပါတယ္။

တိုက္ခိုက္သူဟာ ဘဏ္အသံုးျပဳသူမ်ားဆီသို႔ message ,facebook ,Mail ,Viber ,Whatsapp စသည္တို့မွတစ္ဆင့္ link အတုမ်ားကို ဘဏ္ေခါင္းစဥ္မ်ားတပ္ၿပီးေပးပို႔ပါတယ္ ဘဏ္အေကာင့္သံုးစြဲသူမွ ဘဏ္မွပို႔သည္ထင္မွတ္ၿပီး မိမိရဲ႕ passwordနဲ႔ဝင္ေရာက္လိုက္တဲ့အခါ ဟက္ကာ မွမိမိရဲ႕ passwordကိုသိ႐ွိသြားျခင္းျဖစ္ပါတယ္။

ဒီတိုက္ခိုိက္မႈကို ကာကြယ္ရန္ မိမိစီသို႔ေပးပို႔လာေသာ link မ်ားအား စစ္ေဆးျခင္းမျပဳပဲ ဝင္ရန္ မေသခ်ာပါက မိမိေငြအပ္ႏွံထားေသာဘဏ္အား ဖုန္းဆက္အတည္ျပဳေပးရန္ မိမိအားlinkေပးပို႔ေသာ အေကာင့္ သို႔မဟုတ္ ဖုန္းနံပါတ္မ်ားအား မွတ္ထားရန္ မိမိလက္က်န္ေငြကို စစ္ေဆးေပးေနရန္တို႔ပဲ ျဖစ္ပါတယ္။

တိုက္ခိုက္သူသည္ ဘဏ္ကိုအဓိကထားတိုက္ခိုက္တာမဟုတ္ပဲ အသံုးျပဳသူကိုသာ ပစ္မွတ္ထားတိုက္ခိုက္တာျဖစ္လို႔ အကယ္၍တိုက္ခိုက္ခံရသူသည္ ဘဏ္အေကာင့္ထဲ႐ွိေငြမ်ား ခိုးယူခံရပါက တိုက္ခိုက္ခံရသူႏွင့္သာဆိုင္ၿပီးဘဏ္မ်ားႏွင့္ မဆိုင္သျဖင့္ ဆံုးရံႈးေငြမ်ားျပန္ရဖို႔ အခြင့္ေရးနည္းပါးလွပါတယ္။

ယခုကဲ့သို႔တိုက္ခိုက္ခံရမႈဟာ တျခားဘဏ္ေတြမွာ ျဖစ္ေပၚေနတယ္လို႔ လြန္ခဲ့ေသာ လပိုင္းထဲက ေဖာ္ျပ ေပးခဲ့ေပမဲ့ ယံုၾကည္တဲ့သူ နည္းပါးခဲ့ပါတယ္။ ဒါ့ျပင္တိုက္ခိုက္မႈမ်ားလည္း႐ွိလာသ ျဖင့္ ကြၽန္ေတာ္တို႔ post ကိုျပန္လည္႐ုတ္သိမ္းခဲ့ပါတယ္။

ယေန႔ေတာ့ ကေမၻာဇဘဏ္မွ ယခုတိုက္ခိုက္မႈဟာ တကယ္ျဖစ္ေနေၾကာင္း တရားဝင္ေၾကာ္ျငာခဲ့သျဖင့္ ကြၽန္ေတာ္တို႔ ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါတယ္။KBZ ဘဏ္မွ ေၾကညာထားခ်က္မွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

ေလးစားရပါေသာ KBZ Online Banking အသံုးျပဳမ်ား

လတ္တေလာအခ်ိန္တြင္ ကေမာၻဇဘဏ္၏ Online Banking အသံုးျပဳသူမ်ားထံသို႔ ကေမာၻဇဘဏ္မွေပးပို႔ေသာ Email ပုံစံအသြင္ေဆာင္၍ Email အဆံုးသတ္တြင္ –ကေမာၻဇဘဏ္၏ ရံုးခ်ဳပ္လိပ္စာကိုပင္ထည႔္သြင္းေရးသားလ်က္ ထင္ေယာင္ထင္မွားျပဳကာ Customer ၏အေကာင္႔ကိုတျခားသူတစ္ဦးမွ နိုင္ငံရပ္ျခားတစ္ေနရာမွေန၍ ၀င္ေရာက္အသံုးျပဳေနပါသည္ဟု ဆိုေသာ လိမ္လည္ျဖားေယာင္း မဟုတ္မွန္ေသာ ႏိႈးေဆာ္ခ်က္မ်ားအား ေပးပို႔လ်က္ –

customer မ်ားအားထိတ္လန္႕စိုးရိမ္မွဳမ်ားျဖစ္ေပၚေစကာ Username နွင္႔ Password ကိုအသံုးျပဳ၍ Login ၀င္ေရာက္ေစျပီး မိမိတို႔၏အေကာင္႔အား စစ္ေဆး အတည္ျပဳေပးခိုင္းသည့္ Phishing email မ်ားကို မသမာသူမ်ားမွ အဆက္မျပတ္ ေပးပို႔လ်က္ရွိပါသည္။

KBZ ဘဏ္၏ domain လိပ္စာႏွင့္၀င္ေရာက္လာေသာ ေမးလ္မဟုတ္လွ်င္ လံုးဝမႏွိပ္ပါႏွင့္။ကေမ႓ာဇဘဏ္မွ တရားဝင္ ေပးပို႔ေသာ email မွာ (KBZ Bank ) ျဖစ္ျပီး “ ” ေနာက္တြင္ kbzbank com ဆိုေသာ domain ႏွင့္ အဆံုးသတ္ပါသည္။

အဆိုပါ အခ်က္မ်ားအား သတိမျပဳမိပဲ ထုိကဲ့သို႕ေသာ email မ်ားကိုနွိပ္မိသြားခဲ့လွ်င္ အေကာင့္ကို ခ်က္ခ်င္း ပိတ္ႏုိင္ရန္ ဘဏ္သုိ႕အခ်ိန္မွီအေၾကာင္းၾကားသင္႔ပါသည္။အေသးစိတ္သိရွိလိုသည္မ်ားအတြက္ KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 မ်ားသို႔ ေန႔စဥ္ မနက္ ၆ နာရီမွ ည ၁၀ နာရီအတြင္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။


Source - KBZ Bank


Unicode Version   


အားလုံးစိုးရိမ်ခဲ့တဲ့အရာရောက်လာပါပြီ။ မြန်မာနိုင်ငံရှိဘဏ်အသုံးပြုသူတွေရဲ့ အကောင့်တွေဟာ Cracker နဲ့ Hacker တွေရဲ့ ပစ်မှတ်ဖြစ်လာပါပြီ မကြာမီရက်ပိုင်း နှင့်လပိုင်းလောက်က မြန်မာနိုင်ငံ ဘဏ်တစ်ချို့ရှိ ဘဏ်အသုံးပြု သူအကောင့်များကို ဟက်ကာများမှ Phishing နှင့် တစ်ခြားသော နည်းလမ်းပေါင်းစုံနဲ့တိုက်ခိုက်လာကြပြီး ဘဏ်ထဲမှ ငွေကြေးများထုတ်ယူမှုများဖြစ်ပေါ်နေပါတယ်။

တိုက်ခိုက်သူဟာ ဘဏ်အသုံးပြုသူများဆီသို့ message ,facebook ,Mail ,Viber ,Whatsapp စသည်တို့မှတစ်ဆင့် link အတုများကို ဘဏ်ခေါင်းစဉ်များတပ်ပြီးပေးပို့ပါတယ် ဘဏ်အကောင့်သုံးစွဲသူမှ ဘဏ်မှပို့သည်ထင်မှတ်ပြီး မိမိရဲ့ passwordနဲ့ဝင်ရောက်လိုက်တဲ့အခါ ဟက်ကာ မှမိမိရဲ့ passwordကိုသိရှိသွားခြင်းဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ကာကွယ်ရန် မိမိစီသို့ပေးပို့လာသော link များအား စစ်ဆေးခြင်းမပြုပဲ ဝင်ရန် မသေချာပါက မိမိငွေအပ်နှံထားသောဘဏ်အား ဖုန်းဆက်အတည်ပြုပေးရန် မိမိအားlinkပေးပို့သော အကောင့် သို့မဟုတ် ဖုန်းနံပါတ်များအား မှတ်ထားရန် မိမိလက်ကျန်ငွေကို စစ်ဆေးပေးနေရန်တို့ပဲ ဖြစ်ပါတယ်။

တိုက်ခိုက်သူသည် ဘဏ်ကိုအဓိကထားတိုက်ခိုက်တာမဟုတ်ပဲ အသုံးပြုသူကိုသာ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်လို့ အကယ်၍တိုက်ခိုက်ခံရသူသည် ဘဏ်အကောင့်ထဲရှိငွေများ ခိုးယူခံရပါက တိုက်ခိုက်ခံရသူနှင့်သာဆိုင်ပြီးဘဏ်များနှင့် မဆိုင်သဖြင့် ဆုံးရှုံးငွေများပြန်ရဖို့ အခွင့်ရေးနည်းပါးလှပါတယ်။

ယခုကဲ့သို့တိုက်ခိုက်ခံရမှုဟာ တခြားဘဏ်တွေမှာ ဖြစ်ပေါ်နေတယ်လို့ လွန်ခဲ့သော လပိုင်းထဲက ဖော်ပြ ပေးခဲ့ပေမဲ့ ယုံကြည်တဲ့သူ နည်းပါးခဲ့ပါတယ်။ ဒါ့ပြင်တိုက်ခိုက်မှုများလည်းရှိလာသ ဖြင့် ကျွန်တော်တို့ post ကိုပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

ယနေ့တော့ ကမ္ဘောဇဘဏ်မှ ယခုတိုက်ခိုက်မှုဟာ တကယ်ဖြစ်နေကြောင်း တရားဝင်ကြော်ငြာခဲ့သဖြင့် ကျွန်တော်တို့ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။KBZ ဘဏ်မှ ကြေညာထားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားရပါသော KBZ Online Banking အသုံးပြုများ

လတ်တလောအချိန်တွင် ကမ္ဘောဇဘဏ်၏ Online Banking အသုံးပြုသူများထံသို့ ကမ္ဘောဇဘဏ်မှပေးပို့သော Email ပုံစံအသွင်ဆောင်၍ Email အဆုံးသတ်တွင် –ကမ္ဘောဇဘဏ်၏ ရုံးချုပ်လိပ်စာကိုပင်ထည့်သွင်းရေးသားလျက် ထင်ယောင်ထင်မှားပြုကာ Customer ၏အကောင့်ကိုတခြားသူတစ်ဦးမှ နိုင်ငံရပ်ခြားတစ်နေရာမှနေ၍ ဝင်ရောက်အသုံးပြုနေပါသည်ဟု ဆိုသော လိမ်လည်ဖြားယောင်း မဟုတ်မှန်သော နှိုးဆော်ချက်များအား ပေးပို့လျက် –

customer များအားထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်စေကာ Username နှင့် Password ကိုအသုံးပြု၍ Login ဝင်ရောက်စေပြီး မိမိတို့၏အကောင့်အား စစ်ဆေး အတည်ပြုပေးခိုင်းသည့် Phishing email များကို မသမာသူများမှ အဆက်မပြတ် ပေးပို့လျက်ရှိပါသည်။

KBZ ဘဏ်၏ domain လိပ်စာနှင့်ဝင်ရောက်လာသော မေးလ်မဟုတ်လျှင် လုံးဝမနှိပ်ပါနှင့်။ကမ္ဘောဇဘဏ်မှ တရားဝင် ပေးပို့သော email မှာ (KBZ Bank ) ဖြစ်ပြီး “ ” နောက်တွင် kbzbank com ဆိုသော domain နှင့် အဆုံးသတ်ပါသည်။

အဆိုပါ အချက်များအား သတိမပြုမိပဲ ထိုကဲ့သို့သော email များကိုနှိပ်မိသွားခဲ့လျှင် အကောင့်ကို ချက်ချင်း ပိတ်နိုင်ရန် ဘဏ်သို့အချိန်မှီအကြောင်းကြားသင့်ပါသည်။အသေးစိတ်သိရှိလိုသည်များအတွက် KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 များသို့ နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Source - KBZ Bank

Post a Comment

0 Comments