“က်ပ္သိန္းတစ္ေသာင္းငါးေထာင္ဆုရွင္ အဖြား ေဒၚခင္တင့္ ဧရာဝတီဘဏ္သို႕လာေရာက္၍ ဆုေၾကး ေငြမ်ား အပ္ႏွံ”


၂၀၁၉ ခုႏွစ္၊ ဇူလိုင္လရဲ႕ (၅)ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္းတစ္ေသာင္းဆုရွင္ ဧရာဝတီတိုင္းသူ ဟသၤာတမွ အဖြားက ဧရာဝတီဘဏ္ကို ဒီေန႕လာေရာက္ၿပီး သူေပါက္ထားတဲ့ ဆုေၾကးေငြေတြကို အပ္ႏွံခဲ့ပါတယ္။ အဖြားက ဒီေန႕ (၃-၇-၂၀၁၉) ရက္ေန႕ မနက္ ၅ နာရီက ဟသၤာတကေန ထြက္လာတာပါ။ အဖြားနဲ႕အတူ အဖြားရဲ႕သားတစ္ေယာက္နဲ႕ အဖြားတို႔ ရပ္ကြက္က အုပ္ခ်ဳပ္ေရးမွဴးႏွင့္ဇနီးတို႕နဲ႕အတူလာခဲ့တာပါ။


ျပည္တြင္း အခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲ သြားေရာက္ၿပီးတဲ့ေနာက္မွာ ေက်ာက္တံတားၿမိဳ႕နယ္၊ ဧရာဝတီဘဏ္(႐ံုးခ်ဳပ္)မွာတည္ရွိတဲ့ ဧရာဝတီဘဏ္ခြဲ ရန္ကုန္-၂၆ ကို လာေရာက္ခဲ့ျခင္းျဖစ္ပါတယ္။

အဖြားလည္း ထိုင္ေနေရာ တစ္ဆင့္စကားတစ္ဆင့္ၾကားၿပီး အဖြားဆီကိုလာေရာက္ေတြ႕ဆံု လက္ဆြဲႏႈတ္ဆက္ၿပီး ဓါတ္ကူးတဲ့သူေတြ၊ ဓါတ္ပံုတြဲ႐ိုက္တဲ့ ဝန္ထမ္းေတြ၊ customer ေတြ အမ်ားႀကီးပါပဲ။

အဖြားက အသက္(၈၀) ရွိပါၿပီ။ သားသမီး (၅)ေယာက္ရွိၿပီး တစ္ေယာက္ဆံုးသြားၿပီ ျဖစ္လို႕ လက္ရွိ သားသမီး(၄)ေယာက္ရွိတယ္ ေျပာပါတယ္။


“ မ်က္စိေရွ႕မွာ ေငြေတြ အပံုလိုက္ေရာက္ေနတာ “ အိပ္မက္ မက္လို႕ ထီထိုးခဲ့တာပါတဲ့။ ဂဏန္းကိုေတာ့ မေရြးခ်ယ္ခဲ့ဘဲ ထီေရာင္းတဲ့သူေပးတဲ့ ထီလက္မွတ္ကိုပဲ ယူခဲ့ ၿပီး ေပါက္ခဲ့တာကေတာ့ အဖြားရဲ႕ကံပါပဲ။ အဖြားအလွဴလုပ္မယ္ ေပ်ာ္တာေပါ့တဲ့။ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးက အဖြားထီေပါက္တယ္ဆိုတာ သိရကတည္းက ထီလက္မွတ္ကို ထိန္းသိမ္းေပးၿပီး လံုျခံဳေရးအတြက္ ရန္ကုန္ကိုလိုက္ပို႕ခဲ့တာလို႕ေျပာပါတယ္။

ဧရာဝတီဘဏ္ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးျမင့္ေဇာ္နဲ႔ အဖြားတို႔ ေတြ႕ဆံုခဲ့တဲ့အခါ ဦးျမင့္ေဇာ္ကို TV ထဲ မွာေတြ႕ဖူးတယ္လို႕ အဖြားက ေျပာပါတယ္။ ဧရာဝတီဘဏ္ရဲ႕ AYA Royal Banking ကလည္း အဖြား အတြက္ လိုအပ္တဲ့ ဝန္ေဆာင္မႈေတြျပဳလုပ္ရွင္းျပေပးခဲ့ၿပီး အစစအရာရာ အဆင္ေျပေအာင္စီစဥ္ေပးခဲ့ပါတယ္။ ဘဏ္အေနနဲ႕လည္း အဖြားကိုေရာ အဖြားနဲ႕အတူတကြ လာေရာက္ခဲ့တဲ့သူေတြကို ဘဏ္ရဲ႕ အမွတ္တရလက္ေဆာင္ေတြေပးအပ္ခဲ့ပါတယ္။

” စိတ္ခ်ယံုၾကည္ ဧရာဝတီ ” ဆိုတဲ့ ဧရာဝတီဘဏ္ေဆာင္ပုဒ္နဲ႕အညီ ဧရာဝတီဘဏ္ကို ယံုၾကည္ၿပီး ထီေပါက္တဲ့ ဆုေငြေတြကို လာေရာက္အပ္ႏွံတဲ့အဖြားကို ဧရာဝတီဘဏ္မိသားစုက အထူးပင္ ေက်းဇူးတင္ ပါတယ္။ အဖြားရဲ႕ ယံုၾကည္မႈနဲ႕ ဧရာဝတီဘဏ္ကို ေရြးခ်ယ္မႈဟာ ဧရာဝတီဘဏ္အတြက္ ဂုဏ္ယူ စရာျဖစ္ခဲ့ပါတယ္။

ဧရာဝတီဘဏ္မိသားစုကေန ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အဖြားေရ . . .

Credit - AYA Bank


Unicode Version   


၂၀၁၉ ခုနှစ်၊ ဇူလိုင်လရဲ့ (၅)ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းဆုရှင် ဧရာဝတီတိုင်းသူ ဟင်္သာတမှ အဖွားက ဧရာဝတီဘဏ်ကို ဒီနေ့လာရောက်ပြီး သူပေါက်ထားတဲ့ ဆုကြေးငွေတွေကို အပ်နှံခဲ့ပါတယ်။ အဖွားက ဒီနေ့ (၃-၇-၂၀၁၉) ရက်နေ့ မနက် ၅ နာရီက ဟင်္သာတကနေ ထွက်လာတာပါ။ အဖွားနဲ့အတူ အဖွားရဲ့သားတစ်ယောက်နဲ့ အဖွားတို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့နဲ့အတူလာခဲ့တာပါ။

ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ သွားရောက်ပြီးတဲ့နောက်မှာ ကျောက်တံတားမြို့နယ်၊ ဧရာဝတီဘဏ်(ရုံးချုပ်)မှာတည်ရှိတဲ့ ဧရာဝတီဘဏ်ခွဲ ရန်ကုန်-၂၆ ကို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။


အဖွားလည်း ထိုင်နေရော တစ်ဆင့်စကားတစ်ဆင့်ကြားပြီး အဖွားဆီကိုလာရောက်တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ပြီး ဓါတ်ကူးတဲ့သူတွေ၊ ဓါတ်ပုံတွဲရိုက်တဲ့ ဝန်ထမ်းတွေ၊ customer တွေ အများကြီးပါပဲ။

အဖွားက အသက်(၈၀) ရှိပါပြီ။ သားသမီး (၅)ယောက်ရှိပြီး တစ်ယောက်ဆုံးသွားပြီ ဖြစ်လို့ လက်ရှိ သားသမီး(၄)ယောက်ရှိတယ် ပြောပါတယ်။

“ မျက်စိရှေ့မှာ ငွေတွေ အပုံလိုက်ရောက်နေတာ “ အိပ်မက် မက်လို့ ထီထိုးခဲ့တာပါတဲ့။ ဂဏန်းကိုတော့ မရွေးချယ်ခဲ့ဘဲ ထီရောင်းတဲ့သူပေးတဲ့ ထီလက်မှတ်ကိုပဲ ယူခဲ့ ပြီး ပေါက်ခဲ့တာကတော့ အဖွားရဲ့ကံပါပဲ။ အဖွားအလှူလုပ်မယ် ပျော်တာပေါ့တဲ့။ ရပ်ကွက်အုပ်ချုပ် ရေးမှူးက အဖွားထီပေါက်တယ်ဆိုတာ သိရကတည်းက ထီလက်မှတ်ကို ထိန်းသိမ်းပေးပြီး လုံခြုံရေးအတွက် ရန်ကုန်ကိုလိုက်ပို့ခဲ့တာလို့ပြောပါတယ်။


ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နဲ့ အဖွားတို့ တွေ့ဆုံခဲ့တဲ့အခါ ဦးမြင့်ဇော်ကို TV ထဲ မှာတွေ့ဖူးတယ်လို့ အဖွားက ပြောပါတယ်။ ဧရာဝတီဘဏ်ရဲ့ AYA Royal Banking ကလည်း အဖွား အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေပြုလုပ်ရှင်းပြပေးခဲ့ပြီး အစစအရာရာ အဆင်ပြေအောင်စီစဉ်ပေးခဲ့ပါတယ်။ ဘဏ်အနေနဲ့လည်း အဖွားကိုရော အဖွားနဲ့အတူတကွ လာရောက်ခဲ့တဲ့သူတွေကို ဘဏ်ရဲ့ အမှတ်တရလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်။

” စိတ်ချယုံကြည် ဧရာဝတီ ” ဆိုတဲ့ ဧရာဝတီဘဏ်ဆောင်ပုဒ်နဲ့အညီ ဧရာဝတီဘဏ်ကို ယုံကြည်ပြီး ထီပေါက်တဲ့ ဆုငွေတွေကို လာရောက်အပ်နှံတဲ့အဖွားကို ဧရာဝတီဘဏ်မိသားစုက အထူးပင် ကျေးဇူးတင် ပါတယ်။ အဖွားရဲ့ ယုံကြည်မှုနဲ့ ဧရာဝတီဘဏ်ကို ရွေးချယ်မှုဟာ ဧရာဝတီဘဏ်အတွက် ဂုဏ်ယူ စရာဖြစ်ခဲ့ပါတယ်။

ဧရာဝတီဘဏ်မိသားစုကနေ ကျေးဇူးအများကြီးတင်ပါတယ် အဖွားရေ . . .

Credit - AYA Bank

Post a Comment

0 Comments